<div style='background-color: none transparent;'></div>

Home » » ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး

ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး



The Voice Weekly , 18May 2012  —  ရန်ကုန်၊ မေ ၁၈
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့် ဗဟို လမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး) တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
ဖြစ်စဉ်မှာ ဈေးအိမ်သာ အနီး ဃရုံရှိ ခြင်ဆေးဘူး (Insect Killer) အပါအဝင် ကုန်ခြောက် ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ
စတင် ပေါက်ကွဲ လောင်ကျွမ်း ခဲ့သည်ဟု သိရှိရပြီး “စသိတဲ့ အချိန်ကနေ ငါးမိနစ်လောက် အတွင်းမှာတင် တစ်ဈေးလုံးကို မီးစွဲသွားပြီ” ဟု ရှမ်းလမ်းဈေး နောက်ဖက် မဟာသုခ လမ်းတွင် နေထိုင်သူ မျက်မြင်သက်သေ အချို့က ပြောကြားသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း (ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ် ၄၃၉ သိန်း) ဆုံးရှုံးခဲ့ရပြီး သားငါးတန်းရှိ ဆိုင်ခန်း ၈၅ ခန်းသာ မီးဘေးလွတ်ခဲ့ကြောင်း၊ ရှမ်းလမ်းဈေးတွင် ဆိုင်ခန်းပေါင်း ၃၁၈ ခန်း ရှိကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော စည်ပင်သာယာ ဌာနမှူး တစ်ဦးက ပြောကြားသည်။


“မီးအား အရမ်းကြီးတဲ့ အချိန်မှာ မီးသတ်ကား နှစ်စီးပဲ ရောက်သေးတာမို့ မနိုင်ဘူး ဖြစ်သွားတယ်။ နောက်မို့ဆို တစ်ဈေးလုံး ကုန်မှာ မဟုတ်ဘူး” ဟု မီးလောင်ကျွမ်းသွားသော ဆိုင်ခန်းပိုင်ရှင် တစ်ဦးက မချိတင်ကဲ ပြောဆိုသည်။ အဆိုပါ မီးလောင်မှု ငြိမ်းသတ်ရာသို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ဦးဆောင်သော တာဝန်ရှိသူများ လာရောက် ကြီးကြပ်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံမှ မီးသတ်ယာဉ် ၃၉ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီခန့်တွင် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂ နာရီ ၂၇ မိနစ်ခန့်တွင် မီးညွှန့်ကျိုးခဲ့သည်။(photo – FOTOMOJAW, The Voice)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map