<div style='background-color: none transparent;'></div>

Home » » လျှပ်တစ်ပြက်ထူးဆန်းတဲ့ပုံလေးတွေပါ

လျှပ်တစ်ပြက်ထူးဆန်းတဲ့ပုံလေးတွေပါ

စင်ပေါ်မှာ အဆိုတော်တွေ မင်္ဂလာပါ လုပ်သလိုဘဲ.. ဓါတ်ပုံရိုက်တဲ့ လူကနေ တဆင့် ကြည့် နေတဲ့ လူတွေ အားလုံးကို မင်္ဂလာပါ လုပ်နေတယ်။
မိဘ မေတ္တာနဲ့ လွမ်းခြုံလို့ အနွေးဓါတ်တွေ ပေးထားတာ..

ဗိုက်ဆာနေတဲ့ ကလေးအတွက် မိဘရဲ့ မပျက်ကွက်တဲ့ မေတ္တာနဲ့ ကျွေးမွေးနေတယ်။
သူလည်း ကလေးတွေ အတွက်ဘဲလား.. အောက်က ငါးကလေးကတော့ တုန်လှုပ်ခြောက်ခြားနေတယ် လို့ ခံစားမိတယ်။
ဒီအကောင်လေး ကြည့်တော့လည်း ငယ်ငယ်က ဒီနေရာ ငါနေရာ ဆိုပြီး ရွယ်တူတွေ အချင်းချင်း နေရာဦးတာကို သတိရမိတယ်။
သေမှာကို မသိရှာဘဲ ခပ်တည်တည် နေနိုင်တာ.. ငှက်ကလေးရဲ့ သေမင်းက အနောက်မှာ တင် ရှိနေတာ.. လူသားတွေလည်း ဒီလိုဘဲ..
ပုံပြင်တွေ ထဲကလို ချစ်ကြည်ရေး များ လုပ်နေလား မသိဘူး
လူတွေ ဒီကို လာလာ ချောင်းကြည့်တာ ဘာရှိလဲ မသိဘူး ဆိုပြီး စူးစမ်းနေတဲ့ မျောက်ကလေး..
ဒီငါးကလေး မိသားစုတွေ ကို စိတ်မချဖြစ်နေတဲ့ မျက်လုံးမျိုးဘဲ
အရှေ့က မိခင် လုပ်သမျှ လိုက်အတု ခိုးနေတာ.. အတုခိုးတဲ့ ပညာ သူတို့ကမှ တကယ်တော်တာ..
ရုပ်တော့ ဆိုးတယ်.. အရောင်တွေ စုံလို့ တော်တော်လှနေတယ်နော်..
သန်းတွေ လိုက်ရှာပေးတဲ့ ငှက်ကလေးတွေကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်နေတာ များလား..
ဒီအကောင်တွေ ကြားမှာ ကြောင်ကလေးက ဘာဝင်လုပ်တာလဲတော့ မသိဘူး.. ဒီပုံကတော့ အစစ်လို့ ထင်တာဘဲ..
သစ်ရွက်ခြားပြီး တကောင်နဲ့ တကောင် ရှာနေကြတာ များလား..
ကြွက်ကလေး သနားပါတယ်.. လွတ်အောင်လည်း ပြေး အစာလေးလည်း ပြုတ်မကျအောင် ထိန်းရတာ.. ကြွက်ကလေး ခမျှာ.. အသက်လုနေရတာ..ကြောင်ကတော့ လောဘနဲ့ လိုက်ဖမ်းတာ.. ကြောင်က မမိလည်း အရေးမကြီးပေမဲ့ ကြွက်တော့ မိရင် သေမှာ.. မသေမရှင်နဲ့ ညှင်းခဲပြီး ကြောင် ဆော့ခံရမှာ..
အကောင်ငယ်ပေမဲ့ အထင်မသေးနဲ့ သူလည်း ယင်ကောင်ထင်တယ် ဟပ်နေတာ..
အမေကြီးက ခွေးလေးကို အုပ်ပေးထားတော့ ကလေးက မနာလိုဖြစ်နေပြီ..
အကောင်သေးတယ် ဆိုပြီး အထင်မသေးပါနဲ့.. ကျွှန်တော် အားနဲ့ အပင်လေးတောင် ကိုင်းသွားပြီ.. ဒါတောင် လက်တဖက်တည်းနော်..
ဘယ်သူကိုမှ ဂရုမစိုက်ဘူးကွ..
အမေကြီးက အားငယ်နေတဲ့ ကလေးကို အားပေးနေသလိုဘဲနော်..
အထီးကျန် ငှက်တကောင်လို ဖြစ်နေပြီ..
ပျံနေရင်းနဲ့.. အန္တရာယ်ဆိုတာ ရှိနိုင်တယ်
အပေါ်က ခုံချတာနဲ့ ဗိုက်ထဲ တန်းနေတာဘဲ.. သေမင်းကို အံတုနေရတာဘဲ..
ယုန်ကလေး သနားပါတယ်.. အသက်လုနေရတယ်.. လွတ်နိုင်ပါ့မလား..
ငှက်ကလေးရဲ့ ညနေစာ..
ဘာ ဘဲလဲတော့ မသိဘူး.. ခေါင်းတော်တော် လှတာဘဲ.. အရောင်တော်တော် တောက်တယ်နော်..
ဖားကလေးက အမှောင်ထဲမှာ မမြင်တာလား အရှေ့က ဘာလဲ ပြူးပြီး ကြည့်နေတဲ့ လျှပ်တပြတ် အချိန်များလား..
ဇီးကွက် ညီနောင်..
မေးမှတဆင့်ဖော်ပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်
Share this article :

1 comments:

3rdthameetaw said...

တကယ်ရှားပါးပုံလေးတွေ ပဲနော်
စိတ်ဝင်စားဖို့ကောင်းတယ်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map