<div style='background-color: none transparent;'></div>

Home » » မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ


The First News Journal , 31May 2012   မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။
လူသတ်မှုဖြစ်နေ
ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး  ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။
ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ  ထားခဲ့တယ်။ နောက်တော့ အပေါ်ပြန်တက်ပြီး ပြန်ထွက်သွားတယ်လို့ ခန့်မှန်း၇တယ်။ အသေးစိတ်အားလုံးပြောလိုက်ရင် တရားခံပြေးမယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာ ။ တစ်ခုခုကျူးလွန်ခံထားရတာတွေတော့ မရှိဘူး။ မှုခင်းဆေးပညာအရ ခွဲစိတ်တော့မျ သေချာပြောလို့ရမှာ။  မရှိတာတော့ သေချာဖို့များတယ်။ အသတ်ခံရပြီးမှ မီးလောင်တဲ့သဘော၊ ဓားက ဦးခေါင်းခွံကို ခုတ်ထားတာက သေစေတဲ့အကြောင်းရင်းပဲ။ လူသတ်မှုပဲ၊ ပုဒ်မ ၃၀၂ပဲ၊ ဒီထက်ပိုတာလည်းရှိကောင်းရှိနိုင်တယ်´´ဟု ဒုတိယတိုင်းရဲတပ်မှူးက သတင်းသစ်သို့ ပြောပြခဲ့သည်။
ပြောင်းလာတာ တစ်ပတ်တည်းရှိ
´´လောလောဆယ်တော့ အတိအကျပြောလို့မရသေးဘူး။ ကိုယ်တစ်ခြမ်းလောင်သွားတယ်။ လူနာကသေပြီးသားကို မီးလောင်တာလို့ထင်ရတယ်။ မိသားစုဝင် ငါးဦးရှိတယ်။ အငယ်ဆုံးသမီးပါ။ မြို့ထဲကပဲ လမ်းမတော်ကို ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မိသားစုဝင်တွေမရှိဘူး။ တိတိကျကျကိုတော့ မှုခင်းဆရာဝန် စစ်ချက်ထွက်လာပြီးမှပဲ သိရမယ်´´ဟု သေဆုံးသူ၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဒေါက်တာ ဆေးခိုင်က ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက၍ နံနက် ၁၁နာရီ ၄၅မိနစ်တွင် မီးလောင်ကြောင်း မီးသတ်စခန်းသို့ အကြောင်းကြားမှုကြောင့် နံနက်၁၁နာရီ ၅၃မိနစ်တွင် မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်လေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည် ၁၂နာရီ ၁၀မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးလောင်မှုကြောင့် စောင်တစ်ထည်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်သာလောင်ကျွမ်းခဲ့ပြီး ငွေကျပ်ငါးထောင်ဖို့ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ အခင်းဖြစ်ရာသို့ မှုခင်းထောက်လှမ်းရေး(CID)မှ အဖွဲ့ဝင်များ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ခရိုင်မြို့နယ်စခန်းမှူးများက လာရောက်စစ်ဆေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို လမ်းမတော်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တရားခံ မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။
အမှုအား သက်ဆိုင်ရာက (ပ)၁၃၀/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂/၄၃၆/၂၀၁၂/၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ အလောင်းအားရန်ကုန်ဆေးရုံကြီးမှ ပီအာရ် ၉၆ဖြင့် လက်ခံထားရှိသည်။ သေဆုံးသူမှာ မစုစန္ဒီအောင် အသက်(၁၆)နှစ်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရာတွင် အခင်းဖြစ်နေအိမ်မီးဖိုချောင်မှ ကော်အရိုးတပ် အရိုးအသွား ၁၂လက်မ ဓားတစ်ချောင်းနှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း(၁၄)မျိုး၊ ကာလတန်ဘိုး ကျပ်(၁၀၄၅၀၀၀၀)ခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။
သတင်းသစ်အဖွဲ့( ၃၀-၅-၂၀၁၂)
Share this article :

1 comments:

ချစ်စံအိမ် said...

ရက်စက်လိုက်ကြတာနော်ဟူးးးးးးးးးးးး

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map