Popular News Journal ,11May 2012 —- မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း (MOSA)အား တရားဝင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ကပ္ပတိန် စိုးမင်းအောင်က ပြောသည်။ထိုသို့ ဖျက်သိမ်းရခြင်းမှာ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း၏ တာဝန်ရှိသူများ ညှိနှိုင်း တိုင်ပင်၍ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ်အား ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊
ယခု ဖွဲ့စည်းလိုက် သော မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အလုပ် သမား အဖွဲ့ချုပ်မှာ ယခင်အသင်းထက် သင်္ဘောသားများ၏ အကျိုးကို ပိုမို ဆောင်ရွက်နိုင်မည့် အပြင် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်များ၊ နိုင်ငံတကာ ရေကြောင်း အဖွဲ့အစည်းများနှင့် တရားဝင် လွတ်လပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့် အရေးများ ရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော MOSA ၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။
MOSA အသင်းကို ၂ဝ၁၂ ခုနှစ် တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ ၌ အသင်းဝင်ပေါင်း ၃၃ဝဝဝ ရှိကြောင်း ၄င်းက ပြောသည်။

1 comments:
ဖျက်သိမ်းမယ်ဆိုလဲ သများတို့ ဘာမှတတ်နိုင်ဘူးလေ သိမ်းပေါ့နော်
Post a Comment