<div style='background-color: none transparent;'></div>

Home » » လှည်းတန်းခုံးကျော်တံတား တစ်နှစ်ခန့်ကြာဦးမည်

လှည်းတန်းခုံးကျော်တံတား တစ်နှစ်ခန့်ကြာဦးမည်



Yangon Media Group , 12May 2012  — လှည်းတန်းခုံးကျော် တံတားစတင်ဆောက်လုပ်စဉ်က  လေးလ အပြီးဆောက်မည်ဆိုသော်လည်း တစ်နှစ် ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
လှည်းတန်း  ခုံးကျော် တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင် ကုမ္ပဏီတို့ ပူးပေါင်း ဆောက်လုပ်ကာ မတ် ၁၁ရက်က ပန္နက် တင်မင်္ဂလာ အခမ်းအနား ကျင်းပပြီး ယင်း နေ့က လေးလ အတွင်း အပြီး ဆောက်လုပ် မည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။
”လှည်းတန်း ခုံးကျော်တံတား လျင်မြန်စွာပြီးစီးဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အလိုက် မြန်ဆန်အောင် ဆောင်ရွက် နေပါတယ်။ လမ်းတိုးချဲ့တာကို အရင်ဆုံး လုပ်ဆောင်နေပါတယ်။ ပြီးမှ ပိုင်ရိုက်ပြီး တံတား အူကြောင်း ဖော်နိုင်မှာပါ။ ဆက် တိုက် အမြန်ဆုံး ပြီးအောင်လုပ်နေပေမယ့် မြေပြင် အခက်အခဲ များရှိတာကြောင့် သုံးလ၊ လေးလနဲ့ မပြီးနိုင်ပါဘူး။ အများဆုံး တစ်နှစ် ခန့်မှန်းထားပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။
လှည်းတန်းခုံး ကျော်တံတားမှာ သံမဏိသံရက်မနှင့် သံကူကွန်ကရစ်အမျိုး အစားဖြစ်ပြီး တံတားအရှည် ၂၄၆၆ပေ၊ အကျယ် ၅၀၈ပေ တံတားအောက် ကင်း လွတ်အမြင့် ၁၈ပေနှင့် ခွင့်ပြုတန်ချိန်  ၆၀ ဖြစ်ကြောင်း သိရသည်။ လမ်းတိုးချဲ့ရာတွင် အနော်ရထာ အိမ်ရာဘက်အခြမ်းနှင့် အနည်းငယ်ငြိနေ သော်လည်း အနော်ရထာ အိမ်ရာနေ ပြည် သူများ မထိခိုက်အောင် ဆောင်ရွက်သွား မည်ဟုသိရသည်။
”ရန်ကုန်မြို့မှာ ကားတွေလဲ များလာပြီး လမ်းအသုံးပြုရတာ မလုံလောက် တော့ လို့ ခုံးကျော် တံတား ဆောက်ရတာ။ ခိုင်ခံ့ဖို့ အရေးကြီးပါတယ်။ လတ်တလော ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်တာ ကောင်း ပေမယ့် အန္တရာယ်ကင်းဖို့တော့ လိုပါတယ်”ဟု စင်ကာပူတွင် ဆောက်လုပ် ရေးလုပ်ငန်း သုံးနှစ် လုပ်ကိုင်ခဲ့ ဖူးသူ လက် ရှိ ရန်ကုန်မြို့တွင် တက္ကစီမောင်းသူတစ်ဦး က သုံးသပ်ပြောသည်။
အဆိုပါ ခုံးကျော်တံတား အမြန် ဆုံး ပြီးစီးရေးအတွက် သက်ဆိုင်ရာအဖွဲ့ များနှင့် အပတ်စဉ် ညှိနှိုင်း ဆောင်ရွက်နေ သည်ဟု သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map