<div style='background-color: none transparent;'></div>

Home » » စင်ကာပူမှာ အချိန်ပိုင်းအလုပ်လုပ်နေသူများ နှင့် စတေးရှောင်လိုသူများအထူးသတိထား။

စင်ကာပူမှာ အချိန်ပိုင်းအလုပ်လုပ်နေသူများ နှင့် စတေးရှောင်လိုသူများအထူးသတိထား။


စင်ကာပူရဲများ စစ်ဆေးရေးပြုလုပ်နေစဉ်

မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ခေတ်အခြေနေစီးပွားရေးနှင့် လုပ်အားခတွှေကြောင့် စိတ်ပျက်ပြီး
နီးစပ်ရာနိုင်များသို့ထွက်ကြည်။စင်ကာပူသို့လာရောက်သူများနှင့် မလေးရှားသို့လာရောက်သူများ သည် ယခင်နှစ်များက ထက်ပိုမိုများပြားလာပြီဖြစ်သည်။နိုင်ငံခြားသို့ရောက်သောအခါ အလုပ်ရှာဖွေရင်း သို့မဟုတ် private school တဖက်ဖြင့်အလုပ်ရှာရင်း Part time လုပ်လေ့ရှိကြသည်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စင်ကာပူအစိုးရမှ မြန်မာနိုင်ငံသားများအပေါ် ပိုမိုတင်းကြပ်လာပြီး
နေထိုင်ခွင့်နှင့် အချိန်ပိုင်းလုပ်ကိုင်သောအလုပ်တို့တွင် ပိုမိုတင်းကြပ်လာခဲ့သည်။ ယနေ့ မေလ ၂၀ ရက်နေ့ညနေပိုင်းတွင်Mustafa Shopping Center (စင်္ကာပူ၏ နာမည်ကြီး လူသိများသောကုလားဈေး)နှင့်အနီးတ၀ိုက်တွင် စီမံချက်ဖြင့် လိုက်လံစစ်ဈေးခဲ့ရာ
မြန်မာကျောင်းသားအများစုနှင့် Visit Visa ကိုင်ဆောင်ထားသူများကို စင်ကာပူရဲမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။မေလ ၁၇ ရက်နေ့တွင်လည်း ပင်နီစူလပလာဇာ တွင် အချိန်ပိုင်းအလုပ်လုပ်နေသော မြန်မာများကို စင်ကာပူရဲမှ စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆိုင်မှုများရှိခဲ့ သည်။အလားတူပင် ယခု ၂၀၁၂ မေလအတွင်း မြို့ လယ်ခေါင် Orchard Road ရှိ ရှော့ပင်းမောများတွင်လည်း တရားမ၀င် အချိန်ပိုင်းအလုပ်လုပ်နေသူများကိုလိုက်လံစစ်ဆေးဖမ်းဆီးလျှက်ရှိသည်။ ဖမ်းဆီးမိသူများကို ပထမအကြိမ် Warning ပေးပြီးပြန်လွှတ်နိုင်သလို၊ရဲများက အမှုချဲ့ ပါက မြန်မာနိုင်ငံသို့ပြန်ပို့ ခြင်းခံရနိုင်သလို့ Fine and Warning သော်လည်းကောင်း သို့မဟုတ် Black List လည်းဖြစ်နိုင်ပါသည်။ Police Officer အပေါ်မူတည်ပြီး အမှူအကြီးအသေးဖြစ်နိုင်ပါသည်။ ထို့ ကြောင့် စင်ကာပူသို့ လာရောက်ကြမည့် မြန်မာလူမျိုးများ လူသတင်းလူချင်းဆောင်ဆိုသလို ကြိုတင် ရှောင်ကြဉ်မှူများရှိစေရန် အသိပေးနှိုးဆော်လိုက်ပါသည်။


တရားခံအားဖမ်းဆီးနေစဉ်။

အကယ်လို့ များ စင်ကာပူတွင်အလုပ်လာရှာလိုပါက ၁ လ Visit Stay ရရှိနိုင်ပြီး သက်တမ်းတိုးရန်အလွန်ခက်ခဲနေသောကာလဖြစ်ပါသည်။ Stay ရှောင်လိုသောမိတ်ဆွေများ သည် အိမ်နီူးချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှာ နှင့် မလေးရှား သို့ ခဏတာအထွက်ပြပြီး စင်ကာပူသို့ပြန်ဝင်လာပါက

စင်ကာပူမှပြန်ထွက်ပါမည်ဆိုသည့် လေယာဉ်လက်မှတ်အထောက်ထားပါရှိမှသာ စင်ကာပူနိုင်ငံသို့ ဒုတိယအကြိမ်ပေးဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသားများ စတေးရှောင်ပြီး Visit Visa နောက်ဆုံးရက်မှ ပြည်ဝင်ခွင့်မရ လျှင် အခက်ခဲတွေ့ နိုင်သည့်အတွက်ကြိုတင်သတိပေးအပ်ပါသည်။


မြန်မာပြည်သူ ပြည်သားများ အလုပ်အကိုင်များအဆင်ပြေပြီး ဘ၀တွင်ပျော်ရွှင်စွာ အနာဂတ်ခရီးလမ်းကိုလျှောက်လှမ်း


နိုင်ကြပါစေ.......။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map