<div style='background-color: none transparent;'></div>

Home » » အိမ်သုံး အိပ်ခ်ျအိုင်ဗွီ စစ်ဆေးကိရိယာငယ် မကြာမီ ပေါ်ထွက်လာဖွယ်ရှိ

အိမ်သုံး အိပ်ခ်ျအိုင်ဗွီ စစ်ဆေးကိရိယာငယ် မကြာမီ ပေါ်ထွက်လာဖွယ်ရှိ

At Home HIV Testing Could Have Dangerous Results
The Messenger News Journal , 20May 2012  —  (နယူးယော့ခ် ၊ မေ ၁၈ )        ကိုယ့်မှာ အိပ်ခ်ျအိုင်ဗွီရှိ မရှိ သံသယဖြစ်နေသူများအနေဖြင့် ဆေးရုံ ဆေးခန်းများသို့ သွားရမှာလည်း  ရှက်နေသောကြောင့် မစစ်ဆေးဖြစ်ဘဲ စိတ်တထင့်ထင့်နေရသည့် ဒုက္ခမှ ကင်းဝေးစေမည့် အိမ်သုံး အိပ်ခ်ျအိုင်ဗွီစမ်းသပ်ကိရိယာငယ်များ မကြာခင်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ထိုကိရိယာငယ်မျိုးကို အမေရိကန်နိုင်ငံတွင် စမ်းသပ်ကြည့်နေပြီဖြစ်ပြီး ကျွမ်းကျင်သူများ၏ ထောက်ခံချက်များနှင့် အစိုးရ၏ ခွင့်ပြုချက်ကို ရရှိပါက မကြာမီ ဈေးကွက်အတွင်း ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ အိပ်ခ်ျအိုင်ဗွီစမ်းသပ်ခြင်းဆိုင်ရာ အထူးကျွမ်းကျင်သူများအဖွဲ့က ထိုကိရိယာငယ်ကို စမ်းသပ်လျက်ရှိနေသည်။ ထိုကိရိယာငယ်ကို (OraQuick In Home HIV Test) ဟု အမည်သတ်မှတ်ပေးထားသည်။ စမ်းသပ်ချက်များအရ အိပ်ခ်ျအိုင်ဗွီပိုးရှိ မရှိကို အမှန်အကန်ဆုံး ဆုံးဖြတ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရသလို မှားယွင်းခန့်မှန်းပေးမှု လွန်စွာနည်းပြီး အဆိုးထက် အကျိုးက ပိုသာကြောင်းလည်းသိရသည်။
ထို အိပ်ခ်ျအိုင်ဗွီ စမ်းသပ်ကိရိယာကို အများသုံးနိုင်ရန် ဈေးကွက်အတွင်းရောင်းချသင့် မချသင့်ကို ယခုနှစ်မကုန်မီ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြးကြပ်ကွပ်ကဲမှုဌာနက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုကိရိယာငယ်ဖြင့် အိပ်ခ်ျအိုင်ဗွီရှိ မရှိ အိမ်တွင် စမ်းသပ်မည်ဆိုပါက မိနစ် ၂၀ အတွင်း အဖြေကို သိနိုင်မည်ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီရှိကြောင်း ၉၃ ရာခိုင်နှုန်းအထိ မှန်ကန်အောင် စစ်ဆေးဖော်ထုတ်ပေးနိုင်သလို၊ မရှိကြောင်း ကို ၉၉ ဒသမ ၈ ရာခိုင်နှုန်းထိ မှန်အောင် ဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် လက်ရှိ၌ပင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ ၁ ဒသမ ၂ သန်းခန့်ရှိနေပြီး တစ်နှစ်လျှင် အိပ်ခ်ျအိုင်ဗွီအသစ်ကူးစက်ခံရသူက ငါးသောင်းဝန်းကျင်ရှိကြောင်းလည်း သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map