<div style='background-color: none transparent;'></div>

Home » » ကောင်မလေးအတွက်

ကောင်မလေးအတွက်

လှိုင်းခတ်နေတဲ့ ဒီရင်က

အကြင်နာသံစဉ်တွေကို

တကယ်ပဲမင်းမမြင်လို့လား

ချစ်နေတာကိုသိရဲ့နဲ့


ခံရခက်အောင် မင်းကလှောင်ပြုံးလို့

မာယာတွေသုံး နေတာလား....

ဒါမှမဟုတ်

မင်းအတွက်

နေလို  လလို  အရိပ်လေးလို 

မရိုးနိုင်ပါဘူးလို့ဆိုတဲ့

မင်းရဲ့  Hero  နေရာမှာ

ငါဟာ အစားထိုးနိုင်မဲ့သူ မဟုတ်လို့လား.....

ကောင်မလေးရယ်မင်းသိထားပါ

မင်းရဲ့နေ့များ အမောတွေကြားမှာ

 မင်းခိုနားတဲ့ အရိပ်တစ်ခု ဖြစ်ခွင့်မရခဲ့ပေမယ့်

မင်းဘ၀ရှေ့ရေး မင်းရင်အေးစေဖို့

ငါလေအေးအဖြစ် ရှိနေမယ်ဆိုတာ

မင်းရဲ့ရောင်စဉ် မင်းကောင်းကင်လို

ထာဝရ ဖန်ဆင်းနေတစ်စင်း

ဖြစ်ခွင့်မရပေမယ့်

သူ့ရဲ့အပူ မင်းမယူနိင်ဖို့

 ငါတိမ် ထူထူတွေ အဖြစ်ရှိနေမယ်ဆိုတာ....

 မင်းရဲ့ဘ၀ မင်းညတွေကို

ထာဝရဖန်ဆင်း လ တစ်စင်းဖြစ်ခွင့် မရပေမယ့်

မင်းရဲ့အပါး မင်းအနားမှာ

 အမြဲခစား ကြွေလွင့်သွားတဲ့အထိ

 အပြုံးတွေဆင့် ကြယ်တပွင့်လို ငါရှိနေမယ်ဆိုတာ

 ကောင်မလေး ယုံထားပါ.....
Share this article :

5 comments:

စံပယ်ချို said...

ကောင်မလေးဆိုတဲ့သူရေ ယုံလိုက်တော့နော်
အောင်သက်ခိုင်က ရိုးရိုးလေးနဲ့ချစ်တတ်သူပါ
ခင်မင်တဲ့ sis jasmine

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေး ကောင်းမှကောင်း
ကောင်မလေးဆိုသူရေ သိလိုက်တော့နော်

နွေလ said...

ကိုအောင်သက်ခိုင် ညွှန်းထားတဲ့
ကောင်မလေးဆိုသူရေ
ယုံပေးလိုက်ပါတော့
ယုံကြည်ပါစေလို့ ဆုတောင်းပေးပါတယ်

ပျော်ရွှင်ပါစေ
ခင်မင်ရပါသော ညီ
နွေလ

ချစ်စံအိမ် said...

တကယ်ကောင်းတဲ့ကဗျာလေးပဲကောင်မလေးသိပါစေကွယ်

penguin said...

pls myblog copy ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map