<div style='background-color: none transparent;'></div>

Home » » အနင်းရွာဈေးကြီးမီးလောင်ပြာကြ ဆုံးရှုံးမှုများရှိ

အနင်းရွာဈေးကြီးမီးလောင်ပြာကြ ဆုံးရှုံးမှုများရှိ

မတ်လ-၁၂ ရက်နေ့ သန်းခေါင်ယံကျော်မှ နောက်တစ်နေ့ နံနက်စောပိုင်းကူးချိန်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တောင်ပိုင်းအစွန်ရှိ အနင်းကျေးရွာ၌ ရွာလယ်ဈေးကြီးမီးလောင်သဖြင့် ဈေးဆိုင်ခန်းများ အားလုံးပြာကြကာ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။

ဝင်ကရွာ ဗုဒ္ဓဂါယာဘုရားဈေးတန်းမီးလောင်ခံရစဉ်( Photo-IMNA)
ဝင်ကရွာ ဗုဒ္ဓဂါယာဘုရားဈေးတန်းမီးလောင်ခံရစဉ်

ဈေးဆိုင်ခန်းပေါင်း ၂၈ ခန်းနှင့်အတူ လူနေအိမ် ၃ လုံးပါ မီးလောင်ပြာကြခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှုများ အတိအကျမခန့်မှန်းနိုင်သော်လည်း ကျပ်သိန်းပေါင်းထောင်ချီရှိနိုင်မည်ဟု အနင်းရွာမှ ဘုန်းတော်ကြီး အသျှင်စန္ဒက ပြောသည်။

“နိုင်မောင်ရွှေ၊ နိုင်ထွန်းမောင်၊ အဖွားမြ တို့အိမ်မီးလောင်ရာပါသွားတယ်၊ ဘေးနားအိမ်တွေမီးမကူးအောင် ရွာသားအဖျက်မြန်သွားလို့ပေါ့၊ တခြားရွာက မီးသတ်ကားတွေလည်း ရောက်လာပါတယ်။ ဘယ်တတ်နိုင်မလဲ၊ အနင်းရွာမှာက မီးသတ်ကားတစ်စီးမှမရှိဘူးလေ” ဟု အသျှင်စန္ဒက ဆက်ပြောသည်။

အိမ်ခြေတစ်ထောင်ကျော်ရှိ အနင်းကျေးရွာ၌ ယခုကဲ့သို့မီးလောင်မှုများမှုမှာ အနှစ်(၅၀) အတွင်း ယခုတစ်ကြိမ်သာဖြစ်ပေါ်ခဲ့ဘူးသည်ဟု သိရသည်။

မီးလောင်ရခြင်းအကြောင်းရင်းကို မည်သူမှအတိအကျမပြောဆိုနိုင်သေးသော်လည်း ကျေးရွာအုပ်ချုပ် ရေးအာဏာပိုင်အဖွဲ့က မီးလောင်ခံရသူဈေးခန်းပိုင်ရှင်တစ်ဦးလျှင် ဒဏ်ကြေးအဖြစ် ငွေကျပ်သုံးသောင်း ကောက်ခံခဲ့ကြောင်း အမည်မဖေါ်လိုသူ ဈေးခန်းပိုင်းရှင်တစ်ဦးက ပြောသည်။

“ဘာမှလည်းအကူအညီမပေးပဲ လောင်တဲ့ဆိုင်တွေဆီက ငွေကောက်ယူတယ်၊ ဒဏ်ကြေးတဲ့၊ ကိုယ့်ဆိုင် ခန်းက စလောင်တယ်လို့ စွပ်စွဲခံရမှာကြောက်လို့ ပေးလိုက်ရတယ်” ဟု ဈေးခန်းပိုင်ရှင်က ဆက်ပြောသည်။

အဆိုပါမီးလောင်ကျွမ်းခဲ့သည့်ဈေးဆိုင်ခန်းများသည် ဈေးရောင်းသူများက နေအိမ်သဖွယ်သတ်မှတ် ထားကြပြီး မိသားစုဝင်များနှင့်အတူ အမြဲတမ်းနေထိုင်လျှက် ရှိကြသည်။

ယခုလပိုင်းများတွင် မြန်မာပြည်ဒေသအသီးသီးရှိ ဈေးဆိုင်ခန်းများ ညအချိန်မီးလောင်မှုများ မကြာခဏဖြစ် ပေါ်ခဲ့သော်လည်း လောင်ကျွမ်းခဲ့ရခြင်းအကြောင်းအရာကို မဖေါ်ထုတ်နိုင်ခဲ့ကြပေ။

ထို့အတူ ယခင်လ ၂၈ ရက်ညပိုင်း၌ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူအနီးရှိ ဝင်းကမွန်ရွာ ဗုဒ္ဓဂါယာဘုရား ဈေးတန်းမီးလောင်မှုသည်လည်း ကြီးမားသည့်ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။
မွန်အေဂျင်စီ
Share this article :

1 comments:

Yin Sue said...

မီးတွေကလည်း လောင်ဘဲ လောင်နိုင်လွန်းသဗျာ......စိတ်မကောင်းပါဘူး ကြားရတာ....

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map