<div style='background-color: none transparent;'></div>

Home » » ကိုရီးယားသွားရင် ၀န်ဆောင်ခ(၈)သိန်းအပြင် ပိုမိုသွင်းရပါက တိုင်ကြားနိုင်

ကိုရီးယားသွားရင် ၀န်ဆောင်ခ(၈)သိန်းအပြင် ပိုမိုသွင်းရပါက တိုင်ကြားနိုင်

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ ၀န်ဆောင်ခ(၈)သိန်းအပြင် အ ခြားစာရွက်စာတမ်းကြေးများ ပေးသွင်းရပါက တိုင်ကြားနိုင်ကြောင်း အလုပ်သမားညွှန်ကြားမှုး ဦးစီးဌာနမှ သိရ သည်။ ယင်းကဲ့သို့ တိုင်ကြားရာတွင် ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာထံသို့ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) ဖုန်းနှင့် ဆက်သွယ်၍ တိုင်ကြားနိုင်သည်။



“ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့ သူတွေက ၀န်ဆောင်ခ(၈) သိန်းအပြင် အခြားစာရွက်စာတမ်းကြေးတွေ ပိုမိုကောက်ခံရင် ဥက္ကဋ္ဌဖြစ်စေ၊ မန်းနေးဂျင်းဒါရိုက်တာကိုဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်တယ်၊ သွားရောက်မယ့်လုပ်သားလောင်းတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ အလုပ်သ မား ကြားခံဝန်စာချုပ်ကို အသက်လိမ်ညာတာ၊ နိုင်ငံကူးလက်မှတ်လိမ်ညာတာ၊ ကိုရီးယားမှာ တရားမ၀င်နေခဲ့ ဘူးတာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ဖူးတာစတဲ့ အချက်တစ်ခုခုကြောင့် စာချုပ်ညိစွန်းခဲ့ရင် တရားဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်” ဟု အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၀န်ဆောင်ခ ပိုမိုကောက်ခံမှုအပေါ် တိုင်ကြားလိုပါက ဖုန်းနံပါတ် ၀၁-၆၆၇၇၅၄ သို့ဆက်သွယ် တိုင်ကြားနိုင် ကြောင်းသိရသည်။
Ref:Teashop Talk
Share this article :

1 comments:

ချစ်စံအိမ် said...

သတင်းလာဖတ်သွားပါတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map