<div style='background-color: none transparent;'></div>

Home » » အဆုတ်ထဲမှ ရှူထုတ်လိုက်သောလေအား စွမ်းအင်အဖြစ်ပြောင်းလဲကာ မိုဘိုင်းဖုန်းကို အားသွင်းပေးနိုင်

အဆုတ်ထဲမှ ရှူထုတ်လိုက်သောလေအား စွမ်းအင်အဖြစ်ပြောင်းလဲကာ မိုဘိုင်းဖုန်းကို အားသွင်းပေးနိုင်


   လူ၏အဆုတ်ထဲမှ ထွက်လာသောလတ်လတ်ဆတ်ဆတ်ထွက်သက်ကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲကာ မိုဘိုင်းဖုန်းကို အားသွင်းပေးနိုင်သည့် AIRE အမည်ရှိ မျက်နှာဖုံးကိရိယာကို တီတွင်နိုင်ကြောင်း DM သတင်းဌာနက မတ်လ ၁ရက်နေ့တွင်ဖော်ပြသည်။
လတ်လတ်ဆတ်ဆတ်ထွက်သက်ကို လျှပ်စစ်ဓာတ်အဖြစ်ကူးပြောင်းကာ iPod မှသည် အခြားမိုဘိုင်းဖုန်းများအထိ ဘက်ထရီအားသွင်းပေးနိုင်သည်ဟုဆိုသည်။ အဆိုပါ ကိရိယာ၌ အလွန်သေးငယ်သောလေရဟတ်စက်များပါဝင်ပြီး ယင်းက အရွေ့စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ကူးပြောင်းပေးနိုင်သည်ဟုဆိုသည်။ အဆိုပါကိရိယာကို တီထွင်သူမှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှ ဂျိကိုပေါ်လိုလမ်မိုဂလီယာဖြစ်ကြောင်းသိရသည်။ သူ၏ ကိရိယာကို အိမ်တွင်းအိမ်ပြင်မရွေး အိပ်ပျော်နေစဉ်၊ လမ်လျှောက်နေစဉ်၊ ပြေးနေစဉ်တို့သာမက စာဖတ်နေစဉ်၌ပင် အသုံးပြုနိုင်သည်ဟုဆိုသည်။ ယင်းက စွမ်းအင်ချွေတာကာ ပတ်ဝန်ကျင်ထိန်သိမ်းရေးကို အထောက်အကူပြုပြီး ရုပ်ပိုင်းဆိုက်ရာလေ့ကျင့်ခန်းများပြုလုပ်ရန်လည်း အားပေးသည်ဟုဆိုသည်။  ယခုစွမ်းအင်သည် တစ်နေ့တွင် ၂၄ နာရီ ၊တစ်ပတ်တွင် ခုနှစ်ရက်ရရှိနိုင်သောစွမ်းအင်လည်းဖြစ်သည်ဟု ဆိုသည်။ ဖုန်းနှင့်တွဲလျက် သူ၏ကိရိယာကို မတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချတော့မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် စတာလင်ပေါင် ၆၀ ၊ အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၇၀ ဖြင့် ၀ယ်ယူရရှိနိုင်လိမ့်မည်ဟု ဆိုသည်။
(DM,11.3.12)NYM
ပြည်မြန်မာသတင်းဂျာနယ်.  —  
Share this article :

2 comments:

Unknown said...

ကောင်းတာပေါ့ဗျာ...ကျေးဇူး..မှတ်သားသွားပါတယ်...:)

Yin Sue said...

အထူးအဆန်းတွေပါလား......တော်ကြပါ၏ ......

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map