<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံတွင်သန့်စင်ခန်းပါ အဝေးပြေးကားများ အသုံးပြုနိုင်တော့မည်

မြန်မာနိုင်ငံတွင်သန့်စင်ခန်းပါ အဝေးပြေးကားများ အသုံးပြုနိုင်တော့မည်

အဝေးပြေးကားများ အနေဖြင့် သန့်စင်ခန်းပါသော ကားများကို အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Young Man Myanmar Group မှ တာဝန်ရှိသူတစ်ဦးမှ မတ်၂၀ တွင် ပြောကြားခဲ့သည်။

ယင်းမှ “ကားဝယ်သူက ဒါကိုတပ်ဆင်တယ်ဆို ကုမ္ပဏီဘက်က တပ်ပေးဖို့ လွယ်လွယ်လေးပါ သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူပါတယ်။ အလွယ်ကူဆုံးဖြစ်အောင် ဖန်တီးထားတာပါ”

ဟု ပြောကြားခဲ့သည်။
အဆိုပါ စနစ် အသုံးပြုနိုင်သော ကားများသည် ဂျာမနီနိုင်ငံ၏ နည်းပညာဖြင့် စံချိန်စံညွှန်းအမီ တည်ဆောက်ကာ တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဘတ်(စ်) ကားများဖြစ်သည်။
 ယင်းကားများကို Young Man Myanmar Group မှ တစ်ဦးတည် ကိုယ်စားလှယ်ယူကာ မြန်မာနိုင်ငံသို့ တင်သွင်းမည်ဖြစ်သည်။

ယင်းတရုတ်နိုင်ငံမှ တင်သွင်းမည့်ကားများသည် လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော ကားများထက် ဆီစားနှုန်းနှင့် တာယာစားနှုန်း သက်သာစေသည်ဟု ဆိုသည်။

 “ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီဖြစ်တဲ့ Man SE ရဲ့ ကုမ္ပဏီခွဲ Neoplan Bus နည်းပညာနဲ့ လုပ်တာဆိုတော့ ဥရောပစံချိန်မီကားတွေ ဖြစ်ပါတယ်။ အေပုံဏ္ဌာန် နောက်ဆိုင်းထိန်း စနစ်ကြောင့် ကားစီးတဲ့ သူတွေကိုပိုပြီး သက်သောင့်သက်သာ ဖြစ်စေတယ်။ အခုဒီကားတွေနဲ့ ရွှေနန်းတော်ယာဉ်လိုင်းက စပြီးပြေးဆွဲတော့မယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အဝေးပြေး Bus Car များကို Young Man Myanmar Group မှ လိုအပ်သလောက် တင်သွင်းပေးမည်ဖြစ်ကာ မိမိစိတ်ကြိုက် ပုံသဏ္ဌာန်ကိုလည်း မှာယူနိုင်သည်ဟု ပြောကြားခဲ့သည်။ “ကားထဲမှာ သန့်စင်ခန်း ပါချင်လားရတယ်။ အိမ်ပုံသဏ္ဌာန် လိုချင်တာတို့၊ ရုံးခန်းပုံစံ အကုန်လုံးစိတ်ကြိုက် မှာယူလို့ရတယ်။ ယာဉ်မောင်းနောက်လိုက်တွေကို သင်တန်းပေးပြီးမှ မောင်းစေမှာပါ” ဟု ပြောကြားခဲ့ပါသည်။


ယာဉ်အတွက် အာမခံအနေဖြင့် ကီလိုမီတာ တစ်သိန်းသို့မဟုတ် တစ်နှစ်အာမခံချက် ပေးသည်ဟု ဆိုသည်။ အဆိုပါ ကားများကို ၈ မီတာမှ ၂၅ မီတာအထိ မိမိစိတ်ကြိုက် မှာယူနိုင်သလို ဈေးနှုန်း အစားစားရှိသည်ဟု သိရသည်။

 ပုံမှန်အမျိုးအစား ကားတစ်စီအတွက် ကျပ်သိန်း တစ်ထောင့်သုံးရာခန့်ရှိသည်ဟု သိရှိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ်  Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

3 comments:

စံပယ်ချို said...

သတင်းကောင်းလေးပါပဲ

Yin Sue said...

ကားစီးရင်း ဒုက္ခရောက်တဲ့ကိစ္စတွေ နည်းသွားတာပေါ့.....အခုလိုလေးဖြစ်လာတာ ကောင်းပါတယ်.....

ချစ်စံအိမ် said...

တိုးတက်တော့မယ်ထင်တယ်...
သတင်းလာဖတ်ခဲ့ပါတယ်...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map