<div style='background-color: none transparent;'></div>

Home » » သနားစရာမိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်မှန် -

သနားစရာမိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်မှန် -

သနားစရာမိန်းခလေးတစ်ဦး`၏ဘ၀ဖြစ်ရပ်မှန်လေး တစ်ခု


"ဟင့်အင်း" " ကွာမပေးနိုင်ပါဘူး သမီး သားလေးတွေသမီးလေးတွေနဲ့  ကိုကို့ ကိုချစ်တယ်
လာမခွဲနဲ့  ပြန်တော့နော်။


အိမ်ကိုဘယ်သူမှမလာနဲ့ နော် သူမက အမေ သမီးယောင်္ကျားကိုကြိုက်နေတာလား။ ညီမလေး နင်ငါ့ယောင်္ကျားကို
ကြိုက်နေတာလား ပြန်ကြနော် တစ်ယောက်မှမလာနဲနော်...ကိုကိုနဲ့ မခွဲဘူး ပြောဆိုငိုကြွေးနေတာကြည့်ပြီး စိတ်မချမ်း
သာစရာမြင်ကွင်းပေါ့ မွေးထားတဲ့  သူမ အမေမှာရင်စို့ လို့  ဒေါသဖြစ်သောကဖြစ် ရင်တွေပူလို့  သမီးလေးကြည့်ရင်း ...
သမက်ကိုတောင်းပန် ကလေးလေးတွေ မျက်နှာတော့ထောက်ပါသားရယ်နော် .... ခဏနေလို မရဘူးလားမေးတော့
ခဏလေးသည်းခံပါနော် သားမက်လုပ်သူကမရဘူး...........ကျွန်တော်သူကို မပေါင်းနိုင်ဘူးခုချက်ချင်းပြန်ခေါ်သွားပါ။

ကွာရှင်းပေးပါ နဲ့  အမေ့လိုခေါ်နေတဲ့ သူကခုတော့  ခင်ဗျားသမီး မပေါင်းနိုင်ပါဘူး။ ခင်ဗျားတို့ ကွာဖို့ လုပ်ပေးပါတဲ့ 
ကျွန်တော်ခင်ဗျားသမီးကို ရုံးပေါ်မှာ အရှက်မခွဲချင်ဘူးတဲ့ ။



ဘယ်လိုမှစေ့စပ်တာလက်မခံ ဆွေးနွေးတာလက်မခံတော့ သူမအမေငိုပြီပေါ့သမီးရယ် နင်အဖြစ်ကဆိုးတယ်။
ပေးစားမိတာအမေ့  အမှားသမီးကြီးရဲ့  အမေမှားပြီဆိုပြီး ဒေါသ သောက အရှက်တရား ပေါင်းရှိုက်ငင်ငိုကျွေးလို့  သမီးကို
လည်းအမေဖြစ်သူက ကွာပေးလိုက်နော် သမီးကြီး နေမကောင်းတော့ ဆေးကုရမှာသမီးကို အမေဆေးကုပေးပြီးရင်ပြန်
ပေါင်းဖို့  ပြောပေးမှာနော် သမီးယောင်္ကျားကိုကွာပေးလိုက် လက်မှတ်ထိုးပေးလိုက်နော် သူမကိုချော့မော့လို့  သူမအဖေ
နဲ တိုင်ပင်ကွာရှင်းစာချုပ်မှာလက်မှတ် ရေးထိုးပေးခိုင်းလိုက်ရပါတော့ သူမအဖေဆိုတာ ရှက်လွန်းလို ယောင်္ကျားတန်မဲ့ 
ငိုနေရှာပါတယ် သူမကိုသူ့ သားသမီးတွေနဲ့  မတွေ့ရဘူး။ သူပိုင်ဆိုင်တဲ့ပစ္စည်းယူပါ သူပိုင်တာဆိုတာကလည်း သူအတွက်
ရထားတဲ့  မြေကွက်လေးဘဲရှိပါတယ် အော် ကြားလို့ မှ မကောင်းလူကြားထဲ ချပြလို့  ပြောလို မဖြစ်တဲ့ စွတ်စွဲပြောဆိုပြီး
ကွာရှင်းခိုင်းတယ်။ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်ရတော့မှ ချစ်ခင်ကြင်နာတွယ်တာ မြတ်နိုးစိတ်တွေ
ပျောက်လို့ နှိပ်စက်ခြင်း သရဖူဆောင်ပြီး သူရဲ့ သားသမီးမိသားစု မျက်နှာမထောက် အကောက်ကြံပြီး ဖောက်ပြန်ပြောင်း
လည်းလာတယ်။


အချစ်ကိုကိုးကွယ်တတ်တဲ့  မိန်းမသားဘ၀လေ သားကိုသခင်လင်ကို ဘုရားအမှတ် ကိုးကွယ်တာခုတော့ သူမချစ်ခင်
မြတ်နိုးလေးစားတဲ့ ခင်ပွန်းသည်က ဘီလူးဆိုင်းတီးပြီး ကောက်ကျစ်ယုတ်မာတယ် နဖူးတွေ့ ဒူးတွေ့  မျက်ရည်ပင်လယ်
ဝေပြီး အနှိပ်စက်ခံလို့  စိတ်နုနယ် အေးချမ်းတဲ့ မိန်းမသားတစ်ယောက်ဟာ နေ့စဉ်နဲ့  အမျှကိုယ်ထိလက်ရောက် ရိုက်နှက်
ငြင်းပမ်းတာခံပြီး ယဉ်ယဉ်လေးနဲ့  စိတ်ဖောက်ပြန် ရူးသွတ်နေတယ်မမြင်ဘူးမူးမြစ်ထင် မကြင်ဘူးတော့ ရူးမတတ်ပင်ဆို
တဲ့ စကားအတိုင်း မိန်းမကယဉ်ယဉ်လေး ရူးနေတယ် ရူးနေတာ မသိတော့ဘူး။



နှိပ်စက်ငြင်းပမ်းဖို့  သာသိတော့တယ် အပြင်မှာ သာယာမှု့တွေ့ နေတော့ ကာမဘီလူး တဏှာရူးဖြစ်တဲ့ သူမအမျိုးသား
က အိမ်မှာကူညီဖို့  ခေါ်ထားတဲ့ သူ့ ညီလေးနဲ့  ယဉ်ယဉ်လေးရူးနေရှာတဲ့  သူ့မိန်းမကိုသမုတ်လို့ စွတ်စွဲပြောဆို အရှက်
တကွဲ အကျိုးနည်းအောင် မိသားစုမျက်နှာ မထောက်ထားဘဲ မိန်မလေးရဲ့မိဘတွေကို အကြောင်းကြားလို့  ကိုယ်သမီး
ကိုယ်ပြန်ခေါ်ပြီး ကွာရှင်းပေးဖို့ကို ပြောဆိုပါတော့တယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သမီးမိန်းမလေး မွေးထားရ
တဲ့ သူမ မိခင် ဖခင် တွေဆွေမျိုး အသိုင်းဝိုင်းအလယ်မှာ အရှက်ရစေတော့ ကိုယ်သမီးလေးကိုယ်ပြန်ခေါ် သမီးလေးချစ်
တဲ့  လင်ယောင်္ကျားမပေါင်း နိုင်ဘူးကွာပေးလိုက်တော့နော်။ သူမ ခါးခါးသီးသီး ညင်းဆန်တာပေါ့ သူမရဲ့ ပထမဦးဆုံး
အချစ်ဦး သူမချစ်သူနဲ့ အိမ်ထောင်ကျ သားသမီးတွေမွေး စီးပွားရေးအဆင်ပြေတော့ သူမ အိမ်ထောင်ရေးလေး ချမ်းမြေ့
တာပေါ့ ပျော်ရွှင်တာပေါ့နော် ချစ်ခင်မြတ်နိုးစုံမက်လို သူမကိုလူကြီးတွေထံမှာ တောင်ရမ်း လက်ထပ်ပေါင်းသင်း နေထိုင်
ခဲ့ တယ်လေနော် ခင်ပွန်းဖြစ်တဲ့လင်ယောင်္ကျားက သူမ မိဘတွေပေးထားတဲ့ ရင်းနှင်္ီးမတည်ငွေနဲ့ အလုပ်လုပ်တော့ စီးပွား
ရေးလေးမဖြစ်စလောက် အောင်မြင်လာတယ်လေ




ပုတ်သင်ညို ရွှေတပဲသား ဆွဲ ပေးထားသလိုဖြစ်တော့တာပေါ့ မိန်းမနဲ့သားသမီးတွေမေ့လို့ တော်ရာမှာ အဖော်နဲ့ 
အပျော်ရှာတော့တာပေါ့ ဖါကြာကြာပေါင်းရင်မယားဖြစ်ဆိုတဲ့  စကားလို မခင်မှဥခင် အသစ်မြင်တော့ ပြစ်ချင်လာတယ်။



သူမမိဘတွေကို သူမနဲ့မပေါင်းနိုင်ဘူး ကွာပေးဖို့  ပြောလာပါတယ်။ ချစ်တယ်ဆိုတာလည်း မုန်းတာမှာ ဆုံးတယ်လေ
နော် အိမ်ထောင်ရေး လောကထဲမှာ သမီးကြီးမှဒီလိုဖြစ်ရတယ်။ သမီးလေးကို သူမိသားစုပြေလည် လုပ်ကိုင်
စားသောက်နိုင်အောင် စီးပွားရှာဖို့ ပေးထားတဲ့  ရင်နှီးမတည်ပေးထားတဲ့ ငွေတော့ ခဏပေးထားပါအုန်းနော် တဲ့
ကောင်းသေးလား တော်တော်တရားမျှတတဲ့  ကောင်ဘဲလို့ သူမအမေက စိတ်ထဲတွေးရင်း ငါ့သမီးလေးကို မပေါင်းနိုင်
မှတော့ဘာမှမထူးတော့ပါဘူး ပေးထားတဲ့ ငွေတွေကိုသာ အကုန်ပြန်ပေးတော့ လို့ သူမအမေကပြောလိုက်တယ်။




ကွာရှင်းစာချုပ်ရေးပြီးတာနဲ့  တရားရုံးမှာ သူမအဖေက ဒီကောင့်မျက်နှာကြည့်ကို မကြည့်ချင်ဘူး။ ခွေး မျက်နှာထိုင်ကြည့်
နေတာကမှကောင်းသေး နောက်ဘယ်တော့မှ မပတ်သက်တော့နဲ့ မိန်းမရေသူမအမေကိုပြောဆိုရင်း သူမအဖေငိုကျွေး
လို့  မျက်ရည်ကျနေပါတယ်။



ရူးနေရှာတဲ့ သူမက အမေသမီးကိုကိုနဲ့  နေမှာနော် အေးပါခုဆေးခဏ ကုပေးမှာနော်ဆိုပြီး စိတ်ကျမ်းမာရေး ဆရာဝန်နဲ
့ပြပြီးကုသလို့  သူတို့ သမီးလေးကိုရှော့ခ်ရိုက် ကုသပေးနေရပါတယ်။ သတိလစ်ဟင်းနေတဲ့ သမီးကိုကြည့်လို့  အမေနဲ
့အဖေစိတ်မချမ်းသာစွာနဲ့  သမီးအတွက် သောကဝေလို့  ဆေးကုသပြီးတော့ အိမ်ပြန်ခေါ်လာရ တယ်သူမက သတိနဲနဲ
ကပ်လာတာနဲ့  သူမကသူခင်ပွန်းရှိတဲ့နေရာ သားသမီးတွေရှိတဲ့  နေရာထွက်ပြေး သူမ အမျိုးသားကလာခေါ်ပါ ဒီမှာ
ရောက်နေတယ်ဆိုလိုက်ခေါ်ရနဲ့  သားလေးတွေက သူ့အမေရှိရာ သူ့တိုအဖေ အလုပ်သွားသခိုက်ထွက်ပြေးလာ အင်းးး
တွေ့  မြင်ရတဲ့  လူ တွေ့ နေရတဲ့ သူမရဲ့ အဖြစ်အပျက်ကို အိမ်ပတ်ဝန်းကျင်ကဘယ်လိုမှ မမြင်ရက်မကြည့်ရက်စရာ
မြင်ကွင်းပေါ့နော်။ သားလေးကလည်းမေမေနဲ့  နေမှာမပြန်ဘူး ဖေဖေဆီပြန်မပို့ ပါနဲ့ နော်ကလေးက ရှိုက်ငင်ငိုကျွေးလို့ 
သူ့ အဖေဆီပြန်ပို့ ပေးရနဲ့ သူမကလည်း သူမအမျိုးသားဆီပြန်ထွက်ပြေး သူမကိုပြန်လိုက်ခေါ်နဲ့ပေါ့


ကိုကိုရေ ဒီမှာနေမှာနော် သားလေးတွေ သမီးလေးတွေနဲ့  မခွဲနိုင်ဘူးနော်......ကိုကိုနဲ့  တူတူနေမှာနော် လိုက်ခေါ်တဲ့ 
သူကိုပြန်မလိုက်ဘူး လိုက်မခေါ်ပါနဲ့ မလိုက်ဘူး အမေတို့ ပြန်ကျပါနော် အိမ်ပြန်မလိုက်ဘူး သားလေးတွေနဲ နေမှာ
ပြောဆို အော်ဟစ်သောင်းကျန်းလို့  နေမကောင်းသေးလို့ ပါ။ နေကောင်းပျောက်တာနဲ့ ပြန်ပို့ပေးမှာနော် ဆိုပြီး
ခေါ်ဆောင်ခဲ့ ရပါတယ် မကြာခင်မှာဘဲ သူမ ခင်ပွန်းက မိန်းမတစ်ယောက် ယူလိုက်ပါတော့တယ်။ သူမ ရောဂါက
မပျောက်တော့ပါဘူး ပိုဆိုးသွားပါတယ် ကူသရပိုခက်တာပေါ့နော်`




ငယ်ငယ်တုန်းကလို သနပ်ခါးချေဆုံးခေါင်းဆုံးလူး ဘယ်သူက သူကိုကြည့်ကြည့် မျက်လုံးလေး ကလည်ကလည်နဲ့ 
စိတ်မှန်တဲ့ အချိန်မှာ အကောင်းပြော စိတ်ဖောက်လာရင်ဗလာစာအုပ်တအုပ်နဲ့  ကိုကိုလွမ်းနေတယ် သားလေးရေ
လွမ်းလိုက်တာ…သမီးလေးရေနေကောင်းရဲ့ လား



မေမေနေမကောင်းသေးလို့ နော် နေကောင်းတာနဲ့  သမီးကိုလာခေါ်မှာ။ သားလေးတို့နဲ့ တူတူနေမှာ။ မေမေလာခေါ်မှာ
နော် ဆိုပြီးဗလာစာရွက်ပေါ်မှာ အထပ်ထပ်ရေးနေပါတော့တယ်။ စိတ်ရောဂါဝေဒနာသည် သူမရောဂါမ သက်သာသေး
ခင်မှာ သူမအမေ ဆေးရုံပေါ်ရောက်လို့ ဆေးကုသမှု့ ခံနေရပါတယ် များမကြာခင်မှာ သူမ အမေလူလောကမှာ မနေရ
တော့ဘူးဆိုတာသိလို့ ဆရာဝန်တွေညွန်ကြားပြောဆိုချက်အရ သူမ ညီမက သူမ အမေရဲ့နောက်ဆုံးအချိန်ကိုအမေနဲ့ စိတ်
ဝေဒနာသည် သူမကိုတွေ့ ရအောင့်  အမေရှိရာ ကိုခေါ်ဆောင်လို့ အမေရှိရာကို သူမရဲ့ ညီမလေးကသူမ ကို ပို့ပေးလိုက်
မိတာ ကံဆိုးမိုးမှောင်ကျတော့တာပေါ့ စိတ်ဖောက်လာတော့ ညသန်းခေါင်ကျော် သားလေးတွေ သမီးလေးတွေဆီကို
ဘယ်သူမှမသိအောင် ပြန်ဖို့ အပေါ်ထပ်ကနေ အောက်ထပ်ကိုအဆင်း ပြုတ်ကျတာ ဦးခေါင်းထိခိုက်လို့  အရေးပေါ်
ကုသဆောင်က တဆင့် ဆေးရုံပေါ်မှာ ဆရာဝန်ကြီးတွေကြိုစားပမ်းစား ကုသပေးနေတဲ့ ကြားကသေဆုံးသွားပါတယ်။



ဝဋ်ကျွေးကျေတာထင်ပါရဲ့ အိမ်အပြန် သူမညီမကသူမအမေ့ကို ဘယ်လိုပြောရမှာလည်း သူချစ်တဲ့ သမီးကြီးကို သူမ
အမေမေးတော့မှာလေနော်…။ ဖြေဖို့ စကားတွေ ရှာထားရတယ် သူမညီမက အိမ်ရောက်ပြန်တော့လည်း နာရေး
အတွက်ပြင်ဆင်ရမှာမို့  သူမအမေ့ကို ကုသနေကျဆရာဝန်ကို တိုင်ပင်ဆွေးနွေးလို့ သူမအမေကို
ဆေးရုံပေါ်တင်ထားရပါတယ်။




သူမရဲ့ ညီမခမျာ သူမအမေကို ညာရတော့တာပေါ့။ အမေသမီးကြီး လက်ကျိုးသွားတာနော် ဘာမှမဖြစ်ပါဘူး မေမေ
စိတ်မပူပါနဲ မေမေသာစိတ်ချမ်းသာအောင် ကျမ်းမာအောင်နေနော် အမေ့သမီးကို သူချစ်တဲ သားသမီးတွေထံ ကို
အမေ့သမီးကြီး ကိုလိုက်ပို့ ရမှာနော် ။ ဆေးရုံပေါ်အမေတက်နေတဲ့ အချိန်မှာ သမီးအမေ့  ထံမလာခဲ့ရင်မျှော်မနေနဲ့နော်
အမေနဲ့  မှာနေတယ် သေဆုံးသွားတဲ့ အမနာရေးအတွက် လုပ်ကိုင်ပြီးစီးတာနဲ သူမ ရဲ့  ညီမ ခမျာအမေရှိရာ ဆေးရုံပေါ်
ကို သွားချင်နေလျှက်သားနဲ့  မသွားခဲ့ရပါဘူး လောကဓံတရားက ပျက်ရည်ပြုလို့  စိတ်တွေထွေပြားနောက်ကျိနေအောင်
ရင်နင့်စွာနဲ့  သူမတို့ ညီကိုမောင်နှမ တစ်မသားစုလုံးနာကျင် ခံစားခဲ့ ရပါတယ် သူမတို့ မိသားစုကိုကြည့်ရင်း ဘယ်ဘဝ
က၀ဋ်ကျွေးကို ဆပ်နေရတာလည်းလို့ တွေးနေမိရင်း အတိတ်ကို မေ့ထားချင်ပေမဲ့  ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကျ
ရှာတဲ့  သူမနဲ့  သူမအမေကို ပြန်သတိရမိလို့နေတာမို့  ဒီစာလေးရေးဖြစ်တာပါ။ သူမချစ်တဲ့ ကိုကိုနဲ့ သားသမီးလေးတွေ
ကို သူမအသက်ဆုံးပါးသည့် အထိ တွေ့ ဆုံ နေထိုင်ချင်စိတ်နဲ့ သူမကတော့ သေဆုံးသွားရှာပါတယ်..............



**************************


သူမတစ်ယောက်ခုချိန်မှာ.....................?????????????




သူငယ်ချင်းပို့လိုက်တဲ့မေးလေးကို ပြန်ရှယ်ပေးလိုက်တာပါ
Share this article :

3 comments:

Yin Sue said...

ဟား......စိတ်မချမ်းသာလိုက်တာဗျာ.....ဘယ်လိုယောကျာင်္းမျိုးနဲ့ရတာလည်းမသိပါဘူး.....၀ဋ်ကြွေးပါလာတယ်ထင်ပါ့ဗျာ.......တော်တော်ကံဆိုးရှာတဲ့ အမျိုးသမီးပါလားနော်....ကြောက်ဖို့ကောင်းလိုက်တာ

စံပယ်ချို said...

aလောကမှာဒီလို ယောက်င်္ကျားတွေလဲရှိတတ်သေးတာပဲ
အပျိုကြီးများ သတိ-သတိ

ချစ်စံအိမ် said...

ဟုတ်မမဂျက် လမင်းသတိထားနေပါမယ်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map