<div style='background-color: none transparent;'></div>

Home » » မြန်မာပြည် တော်ဝင်စင်တာရှေ့က ATM စက်

မြန်မာပြည် တော်ဝင်စင်တာရှေ့က ATM စက်


ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တော်ဝင်စင်တာရှေ့ အ၀င်ဝတွင် ATM စက်များ တပ်ဆင်ထားသည်ကို တွေ့ရစဉ်

ATM ငွေထုတ်စက်များကို ရှော့ပင်းစင်တာများတွင် အသုံးပြုနိုင်ရန် စတင်တပ်ဆင်နေပြီး ဘူတာရုံ၊ ဆေးရုံ၊ ရုပ်ရှင်ရုံနှင့် လေဆိပ်များစသည့် လူစည်ကားသည့် နေရာများတွင်လည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း ဆောင်ရွက်နေသည့် ဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရှိရသည်။



အဆိုပါ ATM ငွေထုတ်ယူ သည့်စနစ်ကို ဘဏ်များအနီးရှိနေရာ များတ
ွင်သာ ယခင်ကထားရှိခဲ့သော် လည်း ယခုဖေဖော်ဝါရီလအတွင်းမှ စတင်၍ လူစည်ကားသည့် ရှော့ပင်းစင်တာများတွင် အသုံးပြုနိုင်ရန် တပ်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

CB ဘဏ်မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဖေမြင့်က “ကျွန်တော်တို့ဘဏ်အနေနဲ့ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ စက် ၂၄ လုံးထား ရှိဖို့ ဗဟိုဘဏ်နဲ့ ညှိနှိုင်းပြီးသွားပါပြီ။ အခုလက်ရှိအချိန်ထိ ဘဏ်တွေနားမှာ ထားရှိပြီးသွားပါပြီ။ လူစည်ကားတဲ့ ရှော့ပင်းစင်တာတွေမှာ ထားရှိဖို့ ဆောင်ရွက်နေပါပြီ။ တော်ဝင်စင်တာ မှာတော့ တပ်ဆင်ပြီးသွားလို့ အသုံးပြုလို့ရနေပါပြီ။ ဗိုလ်အောင်ကျော်လမ်း က ရှော့ပင်းစင်တာမှာတော့ စက်တပ်ဆင်ပြီး သွားပေမယ့် Network ပိုင်း အားနည်းလို့ အသုံးပြုလို့ မရသေးပါဘူး။ တခြားရှော့ပင်းစင်တာ တွေမှာလည်း ထားရှိသွားမယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူစည် ကားတဲ့ရုပ်ရှင်ရုံတွေ၊ ဘူတာရုံတွေ၊ လေဆိပ်တွေနဲ့ ဆေးရုံစတဲ့နေရာတွေ လည်းထားရှိသွားပါမယ်။ ဒီလိုစနစ်တွေကို အသုံးပြုဖို့ ဆောင်ရွက်တဲ့အပိုင်း မှာ ဖြစ်နေတဲ့ အခက်အခဲတွေ အနေနဲ့ ကတော့ နေရာရရှိမှုနဲ့ Network ပိုင်း အားနည်းတာပဲ ဖြစ်ပါတယ်။ အခုအချိန်ထိ သုံးစွဲသူအရေအတွက် ကတော့ ခန့်မှန်းထားသည်ထက် လျော့နည်းနေပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ်မှ အထွေထွေ မန်နေဂျာ ကိုဇော်လင်းထွဋ်က “ကျွန်တော်တို့ ဘဏ်အနေနဲ့လည်း တော်ဝင်စင်တာ၊ City Mart တစ်ခု မှာတပ်ဆင်ပြီးလို့ အသုံးပြုလို့ရနေပါပြီ။ မန္တလေးမြို့ ဒိုင်းမွန်းရှော့ပင်း စင်တာမှာတော့ ဒီလအကုန်မှာ စတင်အသုံးပြုလို့ရပါပြီ။အသုံးပြုသူ အရေအတွက်ကတော့ များပြား လာပါတယ်။ လောလောဆယ် အခက်အခဲတွေ အနေနဲ့ကတော့ Communication အပိုင်းဖြစ်ပါတယ်။ ATM စနစ်ကိုအသုံးပြုသူတွေ အနေနဲ့ အနည်းဆုံး ကျပ်တစ်ထောင်ကနေ စပြီးတော့ထည့် သွင်း အသုံးပြုလို့ရပါတယ်”ဟု ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ်မှ တပ်ဆင်ထားသောစက်များတွင် အသုံးပြုသူများအနေဖြင့် တစ်ကတ်လျှင် တစ်နေ့တာအတွက် ကျပ် ၁၀ သိန်း ထိထုတ်ယူနိုင်ကြောင်း၊ CB ဘဏ် မှ စက်များတွင်လည်း အသုံးပြုသူ များအနေဖြင့် တစ်ကတ်လျှင် ကျပ် ၅၀၀၀ တန်ဖြင့် ထုတ်ယူပါက ငွေကျပ်သုံးသိန်း ထုတ်ယူနိုင်ပြီး ကျပ် ၁၀၀၀ ဖြင့်တန်ထုတ်ယူပါက ငွေကျပ် ခြောက်သိန်းထိ ထုတ်ယူနိုင်ကြောင်း သက်ဆိုင်ရာဘဏ်များ၏ ပြောပြချက်အရ သိရသည်။
Share this article :

2 comments:

စံပယ်ချို said...

မြန်မာပြည်အတွက်သတင်းကောင်းလေးတွေပါပဲ

ချစ်စံအိမ် said...

တိုးတက်လာပြီထင်ပါ့

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map