အောက်တိုဘာ ၁၄ ရက်နေ့၊ည ၁၁ နာရီ (၁၀)မိနစ်တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် အခန်းတွင် အမေရိကန် မိသားစုဝင် (၄) ဦးလာရောက် တည်းခိုခြင်း ဖြစ်ပြီး အမျိုးသမီး ဖြစ်သူ Pialarsit,Pia(၄၃ နှစ်) သည် ယာလက်ဖျံ၊ ၀ဲနောက်ကျော၊ ၀ဲတင်ပါး၊ ၀ဲပေါင်တို့တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အား တိကျမှု ရှိစေရန် မေးမြန်းရာတွင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့သည် ဟိုတယ်မှ တာဝန်ရှိသူမှ ဖြေကြားပေးမည်ဟုသာ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Traders ဟိုတယ်မှ General Manager ဖြစ်သူ Philip Couvaras မှ “ အခု ပေါက်ကွဲမှု ဖြစ်ပွားတဲ့အခန်းမှာ အမေရိကန်မိသားစု လေးဦးတည်းတာပါ၊ ပေါက်ကွဲမှု ဖြစ်ပွားချိန် အမျိုးသမီး ဒဏ်ရာရရှိပါတယ်၊ ဒီအခန်းမှာ ဘယ်သူ ဒီလိုလုပ်သွားလဲ ဆိုတာ သိနိုင်အောင်ကြိုးစားနေပါတယ်” ဟု ပြောသည်။
“ ကျမက ဟိုတယ်အောက်ကို ရောက်တုန်းရှိသေးတယ်၊ အုန်းကနဲ အသံတစ်ချက်ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် အောက်ကို မှန်စတွေ လွင့်ကျလာတာပါ၊ အဲဒီမှာတင် ၀န်ထမ်းနှစ်ဦးလောက်က မီးသတ်ဆေးဘူးနှစ်ဘူးနဲ့ ချက်ချင်းအပေါ်ကို တက်သွားတာ တွေ့ရတယ်၊ အမျိုးသမီးကိုတွေ့လိုက်ရတာ ပေါင်မှာတော့ ဒဏ်ရာက တော်တော်လေး ပြင်းထန်ပုံပေါ်တယ်” ဟု ပေါက်ကွဲမှု ဖြစ်ပွားစဉ် Traders ဟိုတယ်အပေါက်ဝတွင် ရှိနေခဲ့သူ တစ်ဦးဖြစ်သည့် Mrs. Christne Jullite က ပြောသည်။
အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူတစ်ဦးက ''အခုအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး၊ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၂ နာရီတွင် ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။
“ အခုလို ဖြစ်လာတာ ပြည်သူတွေအတွက် အထိတ်တလန့် ဖြစ်စေပါတယ်၊ ဘာလို့လဲဆို ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွေက တောက်လျှောက် နေရာကောင်း၊ အခုလို traders ဆိုရင် လူတိုင်း ၀င်လို့ ရမှာမဟုတ်ဘူး၊ အဲဒါတောင် အထဲမှာ ရအောင် ထားသွားတယ်ဆိုတော့ စိုးရိမ်စရာပါ၊ မကြာခင် သံသယရှိသူကို ဖော်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု အဆိုပါ ဟိုတယ်တွင် လုံခြုံရေး လာရောက်ယူသည့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ Traders Hotel ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ ညနေ (၆)နာရီ ၀န်းကျင်တွင် ဗုံးဟု ယူဆရသော စနစ်တကျ ထုတ်ပိုးထားသည့် စက္ကူထုပ်အား အင်းယားကန်ရှေ့၊ တံတားဖြူ မှတ်တိုင်တွင် တွေ့ရှိခဲ့သည်။
“ ကျနော့်အထင် ဒါက လှည့်ကွက်တစ်ခုလို့ ထင်တယ်၊ ဘာလို့လဲဆို ဗုံးဆိုပြီး ဒီနေရာကို အာရုံလွှဲထားလိုက်တယ်၊ အဲဒီတော့ လုံခြုံရေးတွေက ဒီဘက်ကို အာရုံစိုက်နေတဲ့အချိန်ကျမှ ဟိုဘက်မှာ တကယ်ခွဲဖို့ လုပ်တာလို့ ထင်တယ်၊ ဒါကြောင့် ပြည်သူတွေ အသက်အန္တရာယ် လုံခြုံရေးကို ပိုပြီးတော့ စောင့်ရှောက်ပေးသင့်တယ်ထင်တယ်” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင်းနေထိုင
လက်ရှိတွင် CCTV ကနေ သံသယဖြစ်နိုင်သူအား ဆက်လက်ရှာဖွေ စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
မြတ်မိုးကျော်၊ မျိုးသူ(မြစ်မခ)
အောက်တိုဘာ ၁၅၊ ရန်ကုန်မြို့။
0 comments:
Post a Comment