Home »
သတင်း
» လစာ ၁ ဒေါ်လာစား Tesla Motors စီအီးအို Elon Musk
လစာ ၁ ဒေါ်လာစား Tesla Motors စီအီးအို Elon Musk

Tesla Motors ဆိုတာ အမေရိကန်အခြေဆိုက်လျှပ်စစ် ကား နဲ့ နည်းပညာ ထုတ်လုပ်
ကုမ္မဏီကြီး တစ်ခုဖြစ်ပြီး စီအီးအိုကတော့ Elon Musk ဖြစ်ပါတယ်။ Telsa Motors
တည်ထောင်သူထဲမှာလည်း ပါဝင်တဲ့ Elon Musk ဟာ ကမ္မဏီစီအီးအိုအဖြစ်
အခန့်အပ်ခံရပေမယ့် သူ့လစာက ၁ ဒေါ်လာပဲ ရှိပါတယ်။
သို့ပေမယ့်
အံ့သြစရာ မရှိပါဘူး။ ကုမ္မဏီရဲ့  ၃၂ ရာခိုင်နှုန်းသော ရှယ်ယာကို ဝယ်ယူ
ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်လို့လည်း
သိထားကြပါတယ်။ သူ့ကိုချမ်းသာစေတဲ့ လုပ်ငန်းက အခြား ၂ခုမှပါ။ Paypal အမည်ရ
အွန်လိုင်းငွေချေ စနစ်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး Space X အမည်ရ အာကာသ
ပို့ဆောင်ဆက်သွယ်ရေး စနစ်ကိုလည်း တည်ထောင် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
ဒါကြောင့် ဝင်ငွေ အင်မတန် ကောင်းတဲ့ Elon Musk ဟာ Telsa Motors ကို
ကိုယ်ကျိုးအတွက်မဟုတ်ပဲ အနာဂတ်မှာ လျှပ်စစ် ဓာတ်အားသုံး နည်းပညာသစ်
ယာဉ်များ ထွက်ပေါ်လာဖို့အတွက် ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ သူဟာ အသက် ၄၂
နှစ်သာ ရှိပါသေးတယ်။
စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊
နည်းပညာရှင် တစ်ဦးလည်း ဖြစ်တဲ့ Elon Musk ဟာ တိုယိုတာနဲ့ Diamler AG ကို
ရှယ်ယာ ခွဲဝေရောင်းချထားပေးပြီး လက်ရှိ စီအီးအိုရာထူးကတော့ သူကိုယ်တိုင်
ယူထားပါတယ်။ Telsa Motors မှ ကမ္ဘာ့ပထမဆုံး စွမ်းအင်ခြွေတာ နည်းပညာများ
ပေါ်ထွန်းရန် ကြိုးပမ်းမှုများဟာ Elon Musk ရဲ့ အိုင်ဒီယာများ ဖြစ်ပြီး
ကမ္ဘာမှ လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ကြောင်း သိရပါတယ်။
.
Ref: autoblog
အောင်ခမ်း (ရိုးရာလေး).........မှ
0 comments:
Post a Comment