<div style='background-color: none transparent;'></div>

Home » » "ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ ....."

"ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ ....."

"ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ ....." စတာတွေ တစ်ခုမှစိတ်တိုင်းကျမဖြစ်ဘူးလို့ လူငယ်တစ်ဦးက အဘွားဖြစ်သူကို ညည်းတွားတိုင်တန်းတယ်။

အဲဒီအချိန်မှာ ကိတ်မုန့်ဖုတ်နေတဲ့အဘွားက မြေးဖြစ်သူကို ကိတ်မုန့်စားမလားလို့မေးတော့ လူငယ်က ဝမ်းသာအားရ ချက်ချင်းခေါင်းညိတ်တယ်။

အဘွားက သူ့ကို ဂျုံမှုန့်စားဖို့ကမ်းပေးတော့ လူငယ်က သဘောမကျဟန်နဲ့ "ဂျုံမှုန့်! ဒီလောက်စားရခက်တာ ဘွားဘွားကလဲ"လို့ပြန်ပြောတယ်။

"ဒါဆိုရင် ကြက်ဥအစိမ်းစားကြည့်ပါလား?" လို့ အဘွားကဆိုတော့ မြေးက "ဘွားဘွား ဘယ်လိုဖြစ်တာလဲ? ဒါတွေက အရမ်းစားရခက်တဲ့ အရာတွေပါ" လို့ဆိုတယ်။

"တကယ်တော့ ဒီအရာတွေကိုယ်၌က စားရခက်တာပါ။ ဒါပေမယ့် သူတို့ကို မှန်ကန်တဲ့နည်းနဲ့ပေါင်းစပ်ပြီး မီးဖုတ်ခဲ့ရင် အရသာရှိတဲ့မုန့်(အချိုပွဲ) ဖြစ်သွားပါတယ်" လို့ အဘွားက ဆက်ပြောပါတယ်။

ဘဝမှာလည်း ဒီလိုပါပဲ... များသောအားဖြင့် ဆုံးရှုံးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ အဘက်ဘက်ကဖိအား... စတာတွေကို ကျွန်မတို့ခံစားကြရတယ်။ ဒါပေမယ့် ဒီအရာတွေကို ဘဝက သင့်မြတ်အောင်ထိန်းညှိပြီး ဆုံးရှုံးခြင်းထဲကနေ သင်ခန်းစာအဖြစ်၊ ဝမ်းနည်းကြေကွဲခြင်းထဲကနေ အတွေ့အကြုံအဖြစ်၊ အမှားထဲကနေ တွေးတောဆင်ခြင်စရာအဖြစ်.... ကျွန်မတို့အတွက် အသုံးဝင်၊ အကျိုးရှိတဲ့အရာအဖြစ် ပြောင်းပေးခဲ့ပါတယ်။

"Stressed" is "Desserts" spelled Backwards... ပါတဲ့.
.
 
နိုင်းနိုင်း စနေ...................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map