Pages

အထူးဇိမ်ခံရထား ဂျပန်တွင် ပြေးဆွဲမည်


==========================
တိုကျို ၊ စက်တင်ဘာ(၁၃) ၊ Ref - AFP
==========================
ငွေပေါပေါသုံးပြီးခရီးသွား လိုသူများအားမျှော်ကိုး၍ ဂျပန် နိုင်ငံ ကျူရှူးမီးရထား Nanat suboshi (ကြယ်ခုနစ်ပွင့်)ကုမ္ပဏီမှ စူပါဇိမ်ခံမီးရထားအသစ်တစ်မျိုး ကို ထုတ်ဖော်ပြသခဲ့သည်။
သစ်သားဖြင့် မွမ်းမံထား သော အိပ်ခန်းအကောင်းစား၊ ခုတင်များနှင့် စာရေးစားပွဲအပြင် ရေပန်း၊ ရေချိုးခန်းနှင့်တွဲလျက် သန့်စင်ခန်း အပူပေးထိုင်ခုံများ ပါဝင်ကြောင်းသိရသည်။
ကျူရှူကျွန်းတောင်ပိုင်း ကျေးလက်ဒေသတစ်ဝိုက်တွင် သုံးညအိပ်လေးရက်စုံတွဲတစ်တွဲ လျှင် ယန်း ၁ဒသမ၁၃သန်းဖြင့် ပြေးဆွဲမည်ဟုသိရသည်။ ခံ့ညား ပြီး သိက္ခာရှိ၍ ဂျပန်နှင့်အနောက် တိုင်းပေါင်းစပ်ထားသော ဒီဇိုင်း အသစ်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ကြွားဝါဖော်ပြ ထားသည်။ လာမည့်လတွင်စတင် ပြေးဆွဲမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဇွန်လအထိ လက်မှတ်များ ရောင်းပြီးကြောင်း သိရသည်။

အေးချမ်းမွန်..............မှ

No comments:

Post a Comment