Pages

ဖြစ်စဉ်မဟုတ်သော အဝလွန်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ


အလွန်အကျွံဝခြင်းကြောင့် သာမန်လူများထက် ခေါင်းတစ်ခြမ်း ကိုက်ခြင်းဝေဒနာ နှစ်ဆပိုမိုခံစားရနိုင်ကြောင်း လေ့လာမှုတစ်ခုကဆိုသည်။ ဗြိတိန်၌ အရွယ်ရောက်ပြီး လူခုနစ်ဦးတွင် တစ်ဦးနှုန်းမှာ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိသော အခြေအနေနှင့် ကြုံတွေ့နေရပြီး နိုင်ငံစီးပွားရေး တစ်နှစ်လျှင် ယူရိုငွေ သန်း ၂ဝဝဝ ခန့် ကုန်ကျမှုရှိနေကြောင်း သိရသည်။ ယခုအခါ သိပ္ပံပညာရှင်တို့သည် အဝလွန်ခြင်း၏ ဆက်စပ်အကျိုးအပြစ်များကို တွေ့ရှိခဲ့ကြခြင်းပင်ဖြစ်သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါသည် အလွန်ခံရခက်သော ခံစားမှုမျိုးဖြစ်ကာ တစ်လလျှင် အများဆုံး ၁၅ ကြိမ်အထိဖြစ်လေ့ရှိသည်ကို တွေ့ရပြီး နာတာရှည် ခေါင်းကိုက်ရောဂါသည် နေထိုင်မကောင်းဖြစ်သည်အထိ ခံစားရသည်ဟု သိရသည်။
ထို့ကြောင့် သုတေသီတို့သည် ပျမ်းမျှအသက် ၄၇ နှစ်ရှိ လူ ၃၈၆၂ ဦး တို့၏ အရပ်အမြင့်၊ ကိုယ်အလေးချိန် အပါအဝင်ခေါင်းကိုက်မှုဖြစ်လေ့ရှိသော အကြိမ်အရေအတွက်၊ အခြေအနေတို့ကို မှတ်သားကာလေ့လာမှုပြုခဲ့ကြသည်။ ထိုသို့လေ့လာမှုမှတစ်ဆင့် အဝလွန်နေသူများသည် သာမန်ကိုယ်အလေးချိန်ရှိသူများထက် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ခေါင်းကိုက်ခြင်း အဖြစ်များပြီး အဝလွန်သူ ၈၁ ရာခိုင်နှုန်းခန့် ၎င်းကဲ့သို့ ဖြစ်လေ့ရှိကြောင်း သိရသည်။ လေ့လာမှုမှတစ်ဆင့် သိရသည်မှာ အဝလွန်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆက်စပ်မှုသည် အသက် ၅ဝ အောက် လူများတွင် သိသိသာသာဆက်စပ်နေသည်ကို တွေ့ရှိရပြီး ၎င်းအရွယ်များတွင် အဆိုပါ ရောဂါအဖြစ်များသည် ကိုတွေ့ရသည်။
ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကိုလျော့ပါးအောင် ကူညီပေးနိုင်မည်ဟုလေ့လာသူများက အကြံပြုထားကြသည်။

အေးချမ်းမွန်................မှ

No comments:

Post a Comment