၁၉၉၄-၉၅ရာသီနောက်ပိုင်း ပရီးမီးယားလိဂ် အဖွင့်ပွဲ သုံးပွဲဆက်အနိုင်မရတဲ့ လီဗာပူးဟာ အခုပွဲမှာတော့ စတာရစ်ရဲ့ ပွဲချိန်အစောပိုင်း
သွင်းဂိုးတစ်ဂိုးနဲ့ သုံးပွဲဆက်အနိုင်ရသွားခဲ့ပြီး ဂန္တ၀င်နည်းပြ ဘီရှန်ကလေရဲ့ နှစ်တစ်ရာပြည့်
မွေးနေ့ပွဲ(စက်တင်ဘာ ၂ရက်)ကို အဆင့်၁နေရာနဲ့ ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ နဖူးဒဏ်ရာရခဲ့တဲ့ ရွန်နီ အခုပွဲမှာ မပါဝင်နိုင်ခဲ့တာကြောင့် ဗန်ပါစီ၊ ၀ဲလ်ဘတ်အတွဲအဖက်နဲ့ ပွဲထွက်လာခဲ့သလို လီဗာပူးကလည်း စတာရစ်၊ အက်စ်ပက်၊ ကော်တင်ဟိုတိုနဲ့ လူစုံခဲ့ပါတယ်။
ပွဲစစချင်းမှာပဲ လီဗာပူးတို့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး
ထောင့်ကန်ဘောကတစ်ဆင့် အဂ္ဂါ ခေါင်းတိုက်ချပေးတာကို စတာရစ် နောက်ပြန်ခေါင်းတိုက်နိုင်ခဲ့လို့ အိမ်ရှင်အသင်း အဖွင့်ဂိုးစရသွားခဲ့ပါတယ်။ စတာရစ်အတွက် ဒီဂိုးဟာ လီဗာပူးအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၁၁ဂိုးသွင်းနိုင်ခဲ့တာပါပဲ။ အဲဒီနောက်မှာ မန်ယူတို့ အခွင့်အရေးရခဲ့ပေမယ့် ဗန်ပါစီရဲ့ အနီးကပ်ကန်ချက်က အပေါ်ထောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာလည်း လီဗာပူးတို့ ဖိအားဆက်ပေးနိုင်ခဲ့ပြီး ဂျရတ်ရဲ့ပွဲချိန် ၂၇မိနစ် ပြစ်ဒဏ်ဘောကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့လည်း မန်ယူတို့ ဂိုးထပ်မပေးခဲ့ရတာပါ။
ဒုတိယပိုင်းမှာတော့ မန်ယူတို့ ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့် တိုက်စစ်စွမ်းမပြနိုင်ခဲ့တာကြောင့် ချေပဂိုးရဖို့ အခက်တွေ့ခဲ့ပြီး ပွဲချိန် ၈၇မိနစ်မှာ ဟာနန်ဒက်ဇ်ရဲ့ ဖန်တီးမှုကို ဗန်ပါစီကန်သွင်းခဲ့ပေမယ့် လွဲချော်သွားခဲ့လို့ ပထမဆုံးရှုံးပွဲစကြုံသွားခဲ့ပြီး လီဗာပူးကတော့ ပေးဂိုးမရှိဘဲ သုံးပွဲဆက်အနိုင်ရတဲ့ ချဲလ်ဆီးနဲ့စံချိန်တူသွားခဲ့ပါတယ်။
ရိုးရာလေး.................မှ
0 comments:
Post a Comment