Pages

ထိုင်းငါးဖမ်းလှေများတွင် မြန်မာများ အလုပ်လုပ်ရန်မသင့်

ယမန်နေ့က  ထိုင်းနိုင်ငံတောင်ပိုင်း ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ရှစ်ရာေ ကျာ် အကွာတွင်ရှိသော ကတန်မြို့ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ်တွင် မြန်မာအလုပ်သမား တစ်ဦး အား မူးယစ်ဆေး ၀ါး ရောင်းချသူ၂ဦးက ၀ိုင်းရိုက်ပြီး တစ်ဦးကို စိတ်ကြွဆေးပြားထည့်၍အမှုဆင် ဖမ်းဆီး ခဲ့ကြောင်းသိရှိရသည်။

လူကုန်ကူးမှုနှင့်အလုပ်သမားအရေးဆောင် ရွက်သည့် ထိုင်းနိုင်ငံဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အဆိုပါ ငါးဖမ်းလှေဆိပ်အနီးတွင်နေထိုင်သည့် မြန်မာ အလုပ်သမတစ်ဦး က၊ ကဲ့လှေအမှတ်(၁) အနီရောင် ငါးဖမ်းလှေပေါ်တွင် အသက်၂၃ နှစ်အရွယ် ကရင် ဆိုသည့် မြန်မာအလုပ်သမားငယ်တစ်ဦးအား စိတ်ကြွ ဆေးပြားရောင်းချသည့်မြန်မာ၂ဦးက ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခွဲလိုက်သဖြင့် သွေးအိုင်ထဲ တွင်မေ့မြော့ နေကြောင်း မကြာမီ အသက်အန္တရာယ်ပါ ဖြစ်နိုင်   ကြောင်း သတင်းပို့ခဲ့ပါသည်။

MAT အဖွဲ့ကလည်း ဒေသခ ရဲအရာရာရှိကြီးအား အကူညီတောင်းခံလိုက်သဖြင့်  အသက်ဘေး မှလွတ်မြောက်သွားခဲ့ရသော်လည်း စိတ်ကြွဆေးရောင်းချသူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြ သည်။ အချိန်အနည်းငယ်အတွင် MAT အဖွဲ့၏ အမာခံ သတင်းပေးတစ်ဦး ဖြစ်သူ ကိုမင်းဇေါ် စီသည့်    မော်တော် ဆိုင်ကယ်ခြင်းသို့ စိတ်ကြွဆေးပြား ထည့်၍ အဖမ်းခံရကြောင်းသိရှိခဲ့ရပြန်သည်။

ကိုမင်းဇေါ် က  “ကျနော် အသုဘအလှူက ပြန်လာတာ၊ အိမ်မှာထိုင်ရုံပဲရှိသေးတယ်။ ပုလိပ် တွေ ကျနော့်ကိုလာခေါ်တယ်။ စိတ်ကြွဆေးပြား ၅ပြားဆိုင်ကယ်ခြင်းထဲမှာတွေ့လို့တဲ့။ တစ်လုံးကအစစ်၊   လေးလုံးက အတုတဲ့။ ကျနော့်ကို  ဆီးလည်းစစ်တယ်၊ ကျနော်က မူယစ်ဆေးဝါးမသုံးစွဲဘူး။ ဒီကိစ္စက အယင်အပတ်ကကျနော့်ကို ပစ်သတ်မလို့ခြိမ်ခြောက်တဲ့ ထိုင်းပါလာတယ်။ ဒီထိုင်းနဲ့ ဆံရှည်ဆိုတဲ့ ဗမာ က အယင်လက MAT အဖွဲ့ဆင်းလာပြီး သူတို့အခန်းမှာ ရှိတဲ့ ဗမာအလုပ်သမားငါးယောက်ကို ဖမ်းကတည်း က ကျနော့်ကိုမကျေနပ်ဘူးလေ။ ဒါကြောင့် အကွက်ဆင်ဖမ်းတာပဲ” ဟုပြောသည်။

ရွှေလုပ်သား

Myanmar Forward..........မှ

No comments:

Post a Comment