<div style='background-color: none transparent;'></div>

Home » » ရယ်မောခြင်း

ရယ်မောခြင်း



 ဟာသတွေ ရယ်စရာမောစရာတွေ တွေ့ကြုံရတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်... တစ်ခါတစ် လေတော့လည်း အကြောင်းပြချက် ထူးထူးခြားခြားမရှိဘဲ ဟားတိုက် ရယ်မောတတ်ကြပြန်ပါတယ်... ရယ်မောခြင်းဟာ ကျွန်တော်တို့ လူသားတွေရဲ့ ဘဝအစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပါတယ်.... ရယ်မော ခြင်းနဲ့ ပတ်သက်ပြီး ထူးခြား တဲ့အချက်လေးတွေကို အခု ဖော်ထုတ်တင်ပြပေး ပါ့မယ်... လေ့လာကြည့် လိုက်ကြရအောင်...

၁) အလိုအလျောက်တုံ့ပြန်မှု
ရယ်မောခြင်းဟာ အလိုအလျောက်တုံ့ပြန်လုပ်ဆောင်တတ်တဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်... မတူညီတဲ့ ယဉ်ကျေးမှုစရိုက်အမျိုးမျိုးရှိကြတဲ့ မတူညီတဲ့ လူသားတွေအားလုံး ရယ်မောခြင်းကို လုပ်ဆောင်နိုင်ကြပြီး အပြန်အလှန်နားလည်နိုင်ကြပါတယ်...

၂) အူမြူးမှု
ရယ်မောခြင်းအများစုဟာ အူမြူးမှုကြောင့်မဟုတ်ပါဘူး... ဒါဟာ လူတွေကြားထဲက ခင်မင်ရင်းနီးမှုက နေဖြစ်လာတာပါ... ကျွန်တော်တို့ဟာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ စာအုပ်တို့ကြောင့်မဟုတ်ရင် တစ်ယောက် ထဲရှိနေချိန်ထက် လူအများကြားမှာရှိနေချိန်မှာ အဆ ၃၀ လောက် ပိုရယ်တတ်ကြပါတယ်...

၃) ဟာသနဲ့စကား
စကားပြောဆိုရင်းနဲ့ မှတ်ချက်ပေးရင်း ရယ်မောဖြစ်တာက ဟာသတွေပြောပြလို့ ရယ်မောရတာထက် ပိုများ ပါတယ်...

၎) စကားပြောတဲ့သူ
စကားဝိုင်းကို ဦးဆောင်ပြောဆိုသူတွေဟာ နားထောင်တဲ့သူတွေထက် ပိုရယ်ဖြစ်ကြပါတယ်...

၅) အမျိုးသမီးများ
လူအုပ်စုတစ်စုမှာဆိုရင် မိန်းမတွေက ယောက်ျားတွေထက် ပိုရယ်ပါတယ်... ယောက်ျားတွေကို မိန်းမတွေ ကရယ်မောတာကလည်း မိန်းမတွေကို ယောက်ျားတွေက ရယ်မောတာထက် ပိုများပါတယ်...

၆) အမိန့်
လူအများစုဟာ အမိန့်ပေးပြီး ရယ်ခိုင်းလို့မရပါဘူး... ရယ်မောခြင်းဟာ ကျွန်တော်တို့ သတိထားမိနေတဲ့ အချိန်မှာ လုပ်ဆောင်လို့မရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်...

၇) ရယ်သံ
ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် ရယ်သံဟာ ဟားဟား... ဟိုးဟိုး... ဟီးဟီး... စတာတွေလိုမျိုး တူညီတဲ့ စကားစု လေးတွေအဖြစ် ထွက်ပေါ်တတ်ပါတယ်... အဲ့ဒီအသံတွေဟာ တစ်စက္ကန့်ကို ငါးကြိမ်လောက် ဆက်တိုက် ထွက်နေပါလိမ့်မယ်...

၈) ကူးစက်မှု
ရယ်မောခြင်းဟာ ကူးစက်တတ်တဲ့သဘောရှိပါတယ်... ရယ်လိုက်တဲ့အသံဟာ တစ်ခါတစ်လေ တခြားသူ တွေလိုက်ရယ်အောင် လှုံ့ဆော်ပေးလိုက်သလိုပါပဲ...

၉) ပြီးမှရယ်
လူတွေ ရယ်မောကြတဲ့အခါ အများအားဖြင့် စကားပြောလို့ဆုံးမှပဲ ရယ်တတ်ကြပါတယ်... ပြောနေတုန်း ဖြတ်ရယ်လေ့ မရှိကြပါဘူး... ပြောတဲ့သူက ချောင်းဟန့်လိုက်တဲ့အချိန်.. အသက်ရှူနေတဲ့အချိန်လေး တွေမှာပဲ ကျွန်တော်တို့ ရယ်ဖြစ်ကြပါတယ်...

Ref: Delivering happiness
နှိုင်းရင့်နွေမှတင်ဆက်သည်...

Today Myanmar.........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map