Pages

ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ပရိသတ်များ၏ အကျင့်ဆိုးများ



ကမ္ဘာတစ်ဝှမ်း အောင်မြင်မှု ရရှိနေသော လိဂ်ပြိုင်ပွဲများမှာ ပရိသတ်များအတွက် အလေ့အကျင့်ဆိုးများ ဖြစ်စေကြောင်း
သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ပရီးမီးယားလိဂ် ဘောလုံးပရိသတ်များ၏ အလေ့အကျင့်ဆိုးများကို လေ့လာခဲ့သည့် Diet Chef ၏ ထုတ်ပြန်ချက်အရ ချဲလ်ဆီးပရိသတ်၄၈ရာခိုင်နှုန်းမှာ ဘောလုံးရာသီ
တစ်လျှောက် ၎င်းတို့အသင်း ကစားသည့်ရက်များတွင် အရက်သေစာ သောက်စားလေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်ပွဲလျှင် ဘီယာလေးပိုင့်ခန့် သောက်သုံးလေ့ရှိကြောင်း တွေ့ရသည်။

ထို့အပြင် အာဆင်နယ် ပရိသတ်များမှာ ဘောလုံးရာသီအတွင်း ချစ်သူများနှင့် အတူရှိသည်ထက် သူငယ်ချင်းများကို အချိန်ပိုပေးလေ့ရှိကြောင်း အဆိုပါ သုတေသနတွင် ဖော်ပြထားပြီး အာဆင်နယ် ပရိသတ် ၆၃ရာခိုင်နှုန်းကလည်း ယင်းကိစ္စ မှန်ကန်ကြောင်း ၀န်ခံသွားခဲ့သည်။ ယင်းအတွက်ကြောင့် ဘောလုံးရာသီအတွင်း ပရိသတ်များ၏ လူနေမှုဘ၀ အပြောင်းအလဲရှိပြီး အမျိုးသား ပရိသတ် ၃၈ရာခိုင်နှုန်းမှာ ဘောလုံးပွဲကြည့်ရန်အတွက် မိသားစုနှင့် အတူရှိသင့်သည့် အချိန်များ ဆုံးရှုံးလေ့ရှိကြောင်း တွေ့ရသည်။

မန်ယူပရိသတ်များမှာမူ ဘောလုံးရာသီအတွင်း တစ်ပတ်လျှင် မုန့်ပဲသားရေစာ သုံးကြိမ် စားသောက်ကြပြီး မန်စီးတီး ပရိသတ်များမှာလည်း ဘောလုံးရာသီ ကုန်ဆုံးပါက ၀ိတ်တက်လာကြောင်း သိရသည်။ ထို့အပြင် စပါး ပရိသတ်များမှာ ဘောလုံးရာသီအတွင်း လက်ထပ်ရန် ကိစ္စနှင့် လိင်ဆက်ဆံမှု ပြုလုပ်မည့် ကိစ္စများကို လျစ်လျူရှုကြပြီး ၀က်စ်ဟမ်းပရိသတ်များမှာ ဘောလုံးရာသီအတွင်း
လောင်းကစားလုပ်ခြင်းနှင့် ဆေးလိပ်သောက်သုံးမှု ပိုမိုများပြားလာကြောင်း Diet Chef ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ရိုးရာလေး.............မှ

No comments:

Post a Comment