Pages

2005 Ford Taurus ကားကိုမောင်းပြီး ကျောင်းကိုသွားခဲ့ပါတဲ့ အဖြစ်အပျက်

အသက် ၆နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ဦးဟာ သူ့ကျောင်းကားကို မမီလိုက်တဲ့အတွက် အိမ်မှာရှိတဲ့ 2005 Ford Taurus ကားကိုမောင်းပြီး ကျောင်းကိုသွားခဲ့ပါတဲ့ အဖြစ်အပျက် အရင်အပတ်ကဖြစ်ပွားခဲ့ပါတယ်။
ကျောင်းနဲ့အိမ်ဟာ ၇ မိုင်ဝေးကွာပြီးတော့ ကလေးမောင်းလာတဲ့ကားဟာ ကျောင်းမရောက်ခင် ၁ မိုင်အလိုမှာ လမ်းဘေးကပ်တုံးနဲ့ တိုက်မိသွားပါတယ်။ရဲတွေရဲ့ယူဆချက်အရတော့ ဒီလမ်းတစ်လျှောက်မှာ ၉၀ ဒီဂရီကွေ့ ၂ ကွေ့ကွေ့ရမှာ ဖြစ်ပြီး အခြားကားတွေနဲ့ လမ်းကြောတွေကိုလဲ ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ရဲတွေက ကလေးကို ဘာလို့ဒီလိုကားမောင်းတတ်တာလဲ လမ်းကြောတွေ၊မီးပွိုင့်တွေနဲ့ အချက်ပြအမှတ်အသားတွေကို နားလည်ရတာလဲလို့မေးတော့ ကလေးက သူကအမြဲတမ်း Grand Theft Auto နဲ့ Monster Truck jam တို့လို ကားမောင်းတဲ့ဂိမ်းတွေကို အရမ်းနှစ်ခြိုက်ပြီး ဂိမ်းထဲကအတိုင်းကားမောင်းတာလို့ ဆိုပါတယ်။ကလေးရဲ့အသက် ၄၀ အရွယ်အဖေနဲ့ အသက် ၂၆ နှစ်အရွယ်အမေတို့ဟာ အဲဒီအချိန်မှာ အိမ်အပေါ်ထပ်မှာ အိပ်မောကျနေတဲ့အတွက် ရဲကသူတို့နှစ်ယောက်လုံးကို ကလေးငယ်ထိန်းသိမ်းစောင့်ရှောက်မှု ပေါ့လျော့မှုနဲ့ တရားစွဲထားပါတယ်။ကလေးကတော့ ကားတိုက်မိပေမယ့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်

မောင်စိုင်း
(ကနောင်)

အေးချမ်းမွန်......မှ

No comments:

Post a Comment