<div style='background-color: none transparent;'></div>

Home » » အမေရိကန်နိုင်ငံ PALM SPRINGရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းဇာတ်ကားဆု မြန်မာလူငယ်ဒါရိုက်တာမှရရှိ ======================================

အမေရိကန်နိုင်ငံ PALM SPRINGရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းဇာတ်ကားဆု မြန်မာလူငယ်ဒါရိုက်တာမှရရှိ ======================================

 


အမေရိကန်နိုင်ငံ PALM SPRING နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု အား မြန်မာနိုင်ငံမှ လူငယ်ဒါရိုက်တာ ကိုဇော်နိုင်ဦးက Empty Nest ဇာတ်ကားဖြင့် ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ဇာတ်ကားအား ဇူလိုင်လ(၁၃)ရက်နေတွင် မီဒီယာ များသို့ ပြသသွားမည်ဖြစ်ပြီး ၄င်းမှတ်တမ်းရုပ်ရှင်ရိုက်ကူးသည့် ဒါရိုက်တာမှ ဇာတ်ကားရိုက်ကူးဖြစ်ပုံအား ဆွေးနွေးတင်ပြပေးသွားမည်ဟု ၀ဿန် ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။

ဇာတ်ကားအား အမှတ်(၁၅) တတိယထပ် အိုးဘိုလမ်း ပုစွန်တောင်မြို့နယ် ရှိ
ဝဿန်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းတွင် နေ့လည်(၃)နာရီ ပြသ
မည်ဖြစ်ကြောင်းသိရသည်။

သုတလင်း

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map