<div style='background-color: none transparent;'></div>

Home » » အာကာသ တက္ကဆီအတွက် NASA တို့ ကြိုးပမ်းနေ

အာကာသ တက္ကဆီအတွက် NASA တို့ ကြိုးပမ်းနေ



ဇူလိုင်လ ၂၆ ရက် ၂၀၁၃

NASA တို့မှ တရားဝင်မကြေညာရသေးတဲ့ ပရောဂျက်ဖြစ်ပါတယ်။ သို့ပေမယ့် သတင်းဌာန အများစုကတော့ သိသိသာသာ ဖော်ပြနေကြပါပြီ။ NASA မှ အာကာသကို အလည်ခရီးသွားဖို့ တက္ကဆီဝန်ဆောင်မှ ပြုလုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။

ဒီအတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အာကာသခရီးစဉ် လည်ပတ်ပြန်သန်းဖို့အတွက် ငွေကြေးဘယ်လောက်သတ်မှတ်မယ်ဆိုတာတော့ မသိသေးပါဘူး။ သို့ပေမယ့် ၂၀၁၇ ခုနှစ်မှာ Launch လုပ်နိုင်ဖို့ မျှော်လင့်ထားတဲ့ ယာဉ်ပျံလို့ ဆိုပါတယ်။ Commercial အတွက်ရည်ရွယ်ပြီး ဖန်တီးတဲ့ ယင်း ယာဉ်ပျံအတွက် အမေရိကန်အစိုးရရဲ့  ထောက်ပံ့မှုရမရကို မသိကြသေးပါဘူး။ အများစု ခန့်မှန်းချက် ကတော့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်ပြီး ရှယ်ယာနဲ့ လုပ်ကိုင်မယ့် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။

ယာဉ်ပျံတည်ဆောက်မှုကိုလည်း အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်လျက်ရှိကြောင်းလည်း သိရပါတယ်။

Ref: mashable
ရိုးရာလေး နိုင်ငံတကာ



အေးချမ်းမွန်............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map