<div style='background-color: none transparent;'></div>

Home » » Manus ကျွန်းထိမ်းသိမ်းရေး စခန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိလို့ဆို

Manus ကျွန်းထိမ်းသိမ်းရေး စခန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိလို့ဆို



ပါပူဝါနယူးဂနီနိုင်ငံရဲ့ Manus ကျွန်းပေါ်က ထိမ်းသိမ်းရေးစခန်းမှာရှိတဲ့ ခိုလုံခွင့်တောင်းခံတဲ့သူတွေဟာ မုဒိမ်းကျင့်ခံရတာတွေအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ ခံရတယ်လို့ဆိုပါတယ်။ ပြီးတော့ ခိုလုံခွင့်တောင်းခံသူတွေတချို့ဆီမှာ လက်နက်တွေလည်းရှိတယ်လို့ ဆိုပါတယ်။

Manus ကျွန်း ထိမ်းသိမ်းရေးစခန်းက လုံခြုံရေးဆိုင်ရာ အရာရှိဟောင်းတဦးဖြစ်တဲ့ Rod St George ရဲ့အဆိုအရ ထိမ်းသိမ်းရေးစခန်းမှာရှိတဲ့ ခိုလုံခွင့်တောင်းခံသူတွေမှာ ဓါးတွေအပါအ၀င် လူတွေကို သေစေနိုင်တဲ့ လက်နက်တွေရှိပြီးတော့ သူတို့သာ အပြင်ကို ထွင်းဖေါက် ထွက်လာ နိုင်မယ်ဆိုရင် လူတွေကို သတ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ထိမ်းသိမ်းရေးစခန်းမှာနေထိုင်ရတဲ့ သူတွေဟာ သူတို့ရဲ့ ယာယီထဲတွေကမှာ လိင်ပိုင်းဆိုင်ရာ မုဒိမ်းကျင့် အကြမ်းဖက်မှုတွေခံရတယ်လို့လည်း လုံခြုံရေးဆိုင်ရာ အရာရှိဟောင်းကပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနကတော့ ထိမ်းသိမ်းရေးစခန်းထဲမှာ ခိုလုံခွင့်တောင်းခံသူတဦးကနေ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တမှုကျူးလွန်ခဲ့တာသာရှိပြီး မုဒိမ်းကျင့်မှုတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။ အဲဒီ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်တဲ့သူကိုလည်း ပါပူဝါနယူးဂနီနိုင်ငံက ရဲတွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့ ပြန်လည် လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

တဆက်ထဲမှာပဲ သြစတြေးလျနိုင်ငံက ခိုလုံခွင့်တောင်းခံသူတွေကို ပါပူဝါနယူးဂနီ ကိုပိုမယ်ဆိုတဲ့ ကိစ္စမှာ မြိုပေါ်နေဒေသခံတွေက မကျေမနပ်ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ကြပေမယ့် ပါပူဝါနယူးဂနီနိုင်ငံရဲ့ Manus ကျွန်းက ဒေသခံတွေကတော့ ကြိုဆိုလိုက်ပါတယ်။

ခိုလုံခွင့်တောင်းခံသူတွေကို Manus ကျွန်းမှာ လာထားမယ်ဆိုရင် ဒေသခံတွေအနေနဲ့ပိုမိုအလုပ် အကိုင်ရရှိမှာဖြစ်တဲ့အတွက် ကြိုဆိုလိုက်တာဖြစ်ပါတယ်။



Papua New Guinea နိုင်ငံကို ပို့ဆောင်ခံရမှာဖြစ်တဲ့အတွက် ငိုကြွေးနေတဲ့ ခိုလုံခွင့်တောင်းခံသူတဦး (Credit: ABC licensed)

ABC Radio Australia


အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map