<div style='background-color: none transparent;'></div>

Home » » iPhone 5S စက်တင်ဘာလတွင် ထွက်မည်

iPhone 5S စက်တင်ဘာလတွင် ထွက်မည်



တရုတ်နိုင်ငံ Foxconn စက်ရုံမှ ထွက်ရှိတဲ့ သတင်းလို့ ဆိုပါတယ်။ iPhone နဲ့ အခြား Apple ပစ္စည်းများကို ထုတ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။

iPhone 5S ကို စက်တင်ဘာလလောက် မိတ်ဆက်ပြသနိုင်ဖို့ အတွက် ပြင် ဆင် နေပြီး ထုတ်လုပ်မှုကိုလည်း စီမံကိန်း ချထားတယ်လို့ ဆို ပါတယ်။ နောက်ထပ်ထူးခြားတဲ့ သတင်းတစ်ခုကတော့ ဈေးသက်သာ ပလက်စတစ် ကိုယ်ထည်နဲ့ iPhone ထွက်ရှိမယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကတော့ ကောလဟာလ တစ်ခုအနေနဲ့ ပြန့်နှံ့နေတာ ၂ ပတ်လောက် ရှိပါပြီ။ Apple ကလည်း အတည်မပြုသေးပါဘူး။

iPhone 5S က ဘယ်လိုပုံစံရှိမယ်ဆိုတာကိုလည်း ဝဘ်ဆိုဒ် တော်တော် များများက ခန့်မှန်းရေးသား ဖော်ပြနေကြပါတယ်။ iPhone 5 ထက် ပိုပါးမယ့် ကိုယ်ထည်နဲ့မြင်တွေ့ရမယ်လို့လည်း ဆိုကြပါတယ်။ iPhone 5S အတွက် ကမ္ဘာတစ်လွှားမှ Apple ခရေဇီတို့ စောင့်မျှော်လျက် ရှိကြောင်း သိရပါတယ်။
.
Stuff UK

Aung Kham (Stuff Myanmar)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map