Home »
သတင်း
» ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုနှင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်မည်
ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုနှင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်မည်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ CMP
စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံ အခြေစိုက် Shanghai Donglong Feather Manufacture Co.,Ltd
နှင့် Dong Long (Myanmar) Garment C0.,Ltd တို့ ပူးပေါင်းပြီး
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် (၄)တွင် လည်းကောင်း၊ တရုတ်နိုင်ငံ
အခြေစိုက် Jiangsu Solamoda Garments Group Co.,Ltd မှ လှိုင်သာယာမြို့နယ်
ရွှေသံလွင်စက်မှုဇုန်တွင် လည်းကောင်း၊ ဟောင်ကောင်အခြေစိုက် Kamtex Limited မှ
Myanmar Sein Pann Garments Manufacturing Co.,Ltd နှင့် ပူးပေါင်းကာ
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုန် (၁)၌ လည်းကောင်း
အသီးသီးလုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ
အခြေစိုက် Dong Fang Star Garment Factory Co.,Ltd မှ Nexstar Garment
Manufacturing Co.,Ltd နှင့် ပူးပေါင်းကာ လှိုင်သာယာစက်မှုဇုန် (၁) တွင်
လည်းကောင်း၊ ဟောင်ကောင်အခြေစိုက် AMG Factory Co.,Ltd Archid Garment
Factory Limited မှ ရွှေလင်ဗန်း စက်မှုဇုန်၌ အထည်ချုပ်လုပ်ငန်းများ
လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအထည်ချုပ်
လုပ်ငန်းများသို့ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အော်ဒါမှာယူမှု
များပြားနေပြီး ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့်
ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကြောင့် အီးယူနှင့် အမေရိကန်နိုင်ငံမှ
အော်ဒါမှာယူမှုလည်း များပြားလာကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ
အသိုင်းအ၀ိုင်းမှ သိရသည်။
"စီးပွားရေးအရ အခွင့်အလမ်းတွေ ရှိနေတဲ့
မြန်မာပြည် ဈေးကွက်ကို အားလုံးက မျက်စိကျနေကြတာပါ။ ကျွန်တော်တို့
အထည်ချုပ် လုပ်ငန်းတွေမှာလည်း အမေရိကန်တို့၊ အီးယူတို့က အော်ဒါမှာတာတွေ
များလာတယ်။ စက်မှုဇုန် တော်တော်များများမှာ ရာနှုန်းပြည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုနဲ့ အထည်ချုပ်လုပ်ငန်း တော်တော်များများ ၀င်ရောက်လာတာ
တွေ့ရပါတယ်" ဟုလည်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အေးချမ်းမွန်
0 comments:
Post a Comment