<div style='background-color: none transparent;'></div>

Home » » သရုပ်ဆောင် မိုးယုစံ မွေးနေ့အထိမ်းအမှတ် သီလရှင်ဝတ်

သရုပ်ဆောင် မိုးယုစံ မွေးနေ့အထိမ်းအမှတ် သီလရှင်ဝတ်


ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးယုစံက ဇူလိုင်လ 11ရက်မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဒဂုံက သုဝဏဘူမိ ခေမာရာမ ကျောင်းတိုက်မှာ သီလရှင်ဝတ်ကုသိုလ် ယူခဲ့တယ်လို့ သိရပါတယ်။ သူမနဲ့အတူ မိခင်ဖြစ်သူလည်း သာသနာ့နွယ်ဝင် သီလရှင် အဖြစ် ခံယူခဲ့ပါတယ်။ သူမအနေနဲ့ အနုပညာ အလုပ်တွေ များပြားတာကြောင့် ငါးရက်တာ သာသနာဘောင် ၀င်မယ်လို့ သိရပါတယ်။ သီလရှင်ဝတ်ဖြစ်တာဟာ သူမမိခင် ဖြစ်စေချင်တဲ့ ဆန္ဒ တစ်ခု ကို အကောင်အထည်ဖော်ပေးတာလည်း ဖြစ်တယ်လို့ သိရပါတယ်...

မိုးယုစံက မိခင်ဖြစ်သူ နဲ့အတူ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၈ နာရီတွင် မြောက်ဒဂုံမြို့နယ်ရှိ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင် စာသင်တိုက် တွင် သီလရှင်ဝတ်ပြီး လှူဖွယ် ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ ကိုအောင်ဇော်မင်း

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map