<div style='background-color: none transparent;'></div>

Home » » မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့

မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့


အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာခဲ့ပြီလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့
ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေ
ဖြစ်သလို သူမျှော်လင့်ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

သူ့အတွက် အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ဖြစ်လာတာ ဖာဒီနန်ကြောင့် ဖြစ်ပြီး ရှေ့လမှာ ကစားမယ့် ဆီဗီလာနဲ့ မန်ယူတို့ ပွဲစဉ်ဟာ ဖာဒီနန်ကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်သလို ဒီပွဲမှာ အူစိန်ဘော့ကို ထည့်သွင်းကစားဖို့ နည်းပြ မိုရက်စ်ထံ ဖာဒီနန်က တိုက်တွန်းထားသည်။ မန်ယူနည်းပြဟောင်း ဖာဂူဆန်မှာ ရီးရဲလ်ဂန္တ၀င်များနှင့် မန်ယူဂန္တ၀င်များ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အူစိန်ဘော့ကို ထည့်သွင်းကစားရန် စီစဉ်ခဲ့သော်လည်း နည်းပြရာထူးမှ ၎င်းအနားယူခဲ့ခြင်းကြောင့် အစီအစဉ် မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်

အေးချမ်းမွန်.............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map