<div style='background-color: none transparent;'></div>

Home » » သတိ… ၀ သောသူများ အရေးယူမည်

သတိ… ၀ သောသူများ အရေးယူမည်



ဂျပန်မှာတော့ မ၀အောင်နေရေး ဥပဒေကို ပြီးခဲ့တဲ့ ၄ နှစ်လောက်ကထည်းက ထုတ်ပြန်ထားပါသတဲ့။ ယောင်္ကျားလေးဆိုရင် ခါး ၃၃လက်မခွဲထက် မကျော်ရ၊ မိန်းကလေးဆိုရင်လဲ ခါး ၃၅.၄ လက်မထက် မကျော်ရတဲ့။ တစ်ကယ်လို့ သတ်မှတ်ထားတာထက်ကျော်ခဲ့မယ်ဆိုရင် သင်အလုပ်လုပ်နေတဲ့ ကုမ္ပဏီက အလုပ်ရှင်ကို ဒဏ်ကြေးပေးဆောင်စေမှာဖြစ်ပါသတဲ့။ နောက် ၀ိတ်တက်လာရင်လဲ ကျန်းမာရေး လေ့ကျင့်ခန်း စင်တာတွေကို စေလွှတ်ပြီးတော့ ၀ိတ်ချခိုင်းမှာဖြစ်ပါသတဲ့။
ဘာဖြစ်လို့လဲဆိုတော့ ခါးပတ်ရှည်လေ အသက်တိုလေဆိုသလို အ၀လွန်တဲ့ လူတွေ အသက်ကြီးလာရင် နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု့ စရိတ်တွေ အများကြီး တက်လာလို့ဖြစ်ပါသတဲ့။ ဒါကြောင့် နိုင်ငံသားတွေအားလုံး မော်ဒယ်လေးများလို သွယ်သွယ်လျှလျှ ကျန်းမာရွှင်လန်း တက်ကြွစွာ အလုပ်လုပ်နိုင်ကြစေရန် ဒီလိုမျိုး ဥပဒေ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသတဲ့။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု့က စားရိတ်မျှပေး (ကိုယ့်စားရိတ်ကိုယ်ပေး၊ မပေးနိုင်က အသေခံ) စနစ်ဖြစ်တာကြောင့် စားချင်သူများ လွတ်လွတ်လပ်လပ်စား၊ ၀ သူများ အားမငယ်ကြပါနဲ့ ၀၀ ကြီး စားလို့ ရပါသေးတယ်ခင်ဗျာ။

Aung Htut (AH)
 
 
အင်းလေးမီဒီယာ.............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map