<div style='background-color: none transparent;'></div>

Home » » ချမ်းချမ်းရဲ့ မင်္ဂလာပွဲအပြီး နေနေရဲ့ မင်္ဂလာပွဲ လာဦးမည် =================================

ချမ်းချမ်းရဲ့ မင်္ဂလာပွဲအပြီး နေနေရဲ့ မင်္ဂလာပွဲ လာဦးမည် =================================



မင်္ဂလာဆောင်တော့မယ်လို့ အရင်ဆုံးသတင်းကြားတာကတော့ အဆိုတော်နေနေပါ။ အခုတော့ ညီမဖြစ်သူ ချမ်းချမ်းက မင်္ဂလာ အရင်ဆောင်ဖြစ်သွားပါတယ်။ သူ့ရဲ့မင်္ဂလာပွဲကိုတော့ ၂ဝ၁၄ကျမှပဲ ကျင်းပမှာဖြစ်ကြောင်း ပြောပါတယ်။ ချမ်းချမ်းရဲ့ မင်္ဂလာကိစ္စက ရုတ်တရက်ပေါ်ပေါက် လာတာဖြစ်ပြီး သူ့ရဲ့မင်္ဂလာကိစ္စကိုတော့ နေနေက..

"သူတို့ကလည်း ရုတ်တရက် ဖြစ်သွားတာ၊ ကြိုတင်စီစဉ်ထားတာတော့ မဟုတ်ဘူး။ တစ်လအလိုကျမှ ဖွင့်ပြောတာ။ သူတို့ လက်ထပ်တော့မယ်တဲ့။ အစက သူကချောဆွဲနေ သေးတယ်။ နေနေ့ ဒီဗီဒီကထွက်ထားတာ မကြာသေးဘူး။ အနုပညာ အလုပ်တွေ ဆက်လုပ်ချင်သေးတယ်။ ဒီနှစ်တော့ မယူသေးဘူး။ ရှေ့ နှစ်မှယူမှာပါ။ လကတော့ ရွေးနေတုန်းပဲ။ သူက ဒီနှစ်မှာ သင်္ဘော တက်မယ်။ သူပြန်လာတာနဲ့ယူမှာဆိုတော့ တစ်လအတွင်းမှာ
မင်္ဂလာ ကိစ္စကို စီစဉ်မှာပါ" လို့ ပြောပါတယ်။ နေနေတို့ ညီအစ်မ လေးယောက်ထဲမှာတော့ ချမ်းချမ်းက အငယ်ဆုံး ဖြစ်တာကြောင့် မင်္ဂလာပွဲကိုလည်းအကောင်းဆုံး ပဲဖြစ်စေချင်ကြောင်းကိုလည်း နေနေက "အငယ် ဆုံးကကားတွေ အကုန်ကျော်တက်သွားတာ ပေါ့။
ကိုယ့်ရဲ့မိသားစုထဲမှာ သူကပထမဦးဆုံး မင်္ဂလာဆောင်တာဆိုတော့ အငယ်ဆုံးလည်း ဖြစ်တယ်ဆိုတော့ အားလုံးက အကောင်းဆုံး ဖြစ်စေ ချင်ကြတယ်။ စေတနာပေါ့။ မိသားစုတွေ ဖြစ်တော့ သူတို့စိတ် မချမ်းသာမှာ သူတို့ အဆင် မပြေမှာ တအားစိုးရိမ်တယ်။

အကုန်လုံးပျော် ပျော်ရွှင်ရွှင် ဖြစ်စေချင်တယ်။ အဖေတို့ အမေတို့ကတော့ သူတို့အသည်းဆိုတော့ အားလုံးက တကယ့်ကို စေတနာ အပြည့်ရှိကြတယ်။ ဆိုးသည်ကောင်းသည် မပြောချင်ဘူး။ ကိုယ်က ဆုတောင်းပေးမယ်။ တစ် သက်လုံးလက်တွဲနိုင်ကြပါစေ။

အဆင်ပြေကြပါစေ။ သူကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တော့ ပရိသတ်တွေက နားစွင့်နေကြတယ်လေ" လို့ ပြောပါ တယ်။ နေနေနဲ့ သူ့ရဲ့ချစ်သူ လင်းမြိုင် တို့က ချစ်သူသက်တမ်း၈နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကြောင့် အနုပညာလောကထဲကို ရောက်လာခြင်းဖြစ်ေ ကြာင်းကို နေနေက "သူကတော့ နေနေ့ကို နားလည်ပေးပါတယ်။

သူ့ကြောင့်လည်း အနုပညာ လောကထဲ ရောက်လာတာပါ။ သူ့ကြောင့် ၉ဝရာခိုင်နှုန်း လောက်ပါတာဆိုတော့ သူက အစစ အရာရာနား လည်ပေး တယ်။ ကိုယ့်အပေါ်မှာ နားလည် ပေးတဲ့အတွက်ကြောင့် သူ့ကိုလည်း ကိုယ်က ပြန်နားလည်ပေး တယ်။ ညှိရတာတွေလည်း အများကြီးရှိတယ်။ ၈နှစ်ဆိုတဲ့ အချိန်က နည်းတာမှ မဟုတ်တာ။ တစ်ယောက်နဲ့တစ်ယောက် ကွဲမယ့် အခြေအနေတွေလည်း ဖြစ် သွားသေးတယ်။ ဒါပေမဲ့ ပြန်ပြီး အဆင်ပြေသွားပါတယ်" လို့ ပြောပါတယ်။ နေနေက 'ဆူးစူးသူ' ဒီဗီဒီ ထွက်ရှိထားပြီး ကြော်ငြာ သီချင်းတွေလည်း သီဆိုထားသလို၊ ရှိုးပွဲတွေလည်း ဖျော်ဖြေဖို့ရှိေ ကြာင်း ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

အေးချမ်းမွန်

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map