Home »
သတင်း
» ထိုင်းနိုင်ငံတွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် လူ ၁၉ ဦး သေဆုံး
ထိုင်းနိုင်ငံတွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် လူ ၁၉ ဦး သေဆုံး

အင်္ဂါနေ့ အစောပိုင်းက နှစ်ထပ် Tourဘတ်စ်ကားကြီး တစ်စင်းသည် ဘန်ကောက်မှ
ထွက်ခွာလာပြီးနောက် အရှေ့မြောက်ဘက်ရှိ ရွိုင်အတ်သို့ ဦးတည်စဉ် ဆာရာဘူရီတွင်
ယာဉ်တိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသတွင် ဆိုးရွားသော ယာဉ်တိုက်မှု တစ်ခုအတွင်း
လူ(၁၉)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက
ဘတ်စ်ကားတစ်စင်းနှင့် လော်ရီကားကြီး တစ်စင်းတို့ တိုက်မိပြီး အသေအပျောက်
များပြားခဲ့ခြင်းဟု ဒေသဆိုင်ရာ သတင်းဌာနများက ကြေညာသည်။ အဆိုပါ
မတော်တဆမှုအတွင်း လူပေါင်း (၂၀)ကျော်မှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။ အင်္ဂါနေ့ အစောပိုင်းက နှစ်ထပ် Tourဘတ်စ်ကားကြီး တစ်စင်းသည်
ဘန်ကောက်မှ ထွက်ခွာလာပြီးနောက် အရှေ့မြောက်ဘက်ရှိ ရွိုင်အတ်သို့ ဦးတည်စဉ်
ဆာရာဘူရီတွင် ယာဉ်တိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ကားနှစ်စင်း
တိုက်မိပြီးနောက် မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက
ဆိုသည်။ ဘတ်စ်ကားပေါ်တွင် လူပေါင်းမည်မျှ လိုက်ပါလာသည်ကိုမူ
ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယခုအခါ ရဲတပ်ဖွဲ့သည် ဖြစ်စဉ်နှင့်
ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်သည်။ ထိုင်းသတင်းစာ Nationက
သေဆုံးသူ အားလုံးသည် ဘတ်စ်ကားပေါ် လိုက်ပါလာသူများ ဖြစ်ကြောင်း ဆိုသည်။
အခင်းဖြစ်မှုတွင် ဒေသစံတော်ချိန် နံနက် (၅)နာရီခန့်၌ လော်ရီကားကြီးက လမ်းကို
ကန့်လန့် ဖြတ်ကွေ့ရာမှ ဘတ်စ်ကားကို တိုက်မိခြင်းဟု ဘန်ကောက်ပို့စ်
သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် လော်ရီကား
ယာဉ်မောင်းအား ဖမ်းဆီးထားကြောင်းလည်း သိရှိရသည်။
အေးချမ်းမွန်
0 comments:
Post a Comment