<div style='background-color: none transparent;'></div>

Home » » ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်

ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်


စံရတီမိုးမြင့်က ဒါရိုက်တာကျော်ဇောရိုက်ကူးနေတဲ့ 'တသသ' ဇာတ်ကားကို ရဲအောင်၊စွမ်း၊ စိုးမိုးကြည်တို့နဲ့ အတူရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးထဲမှာ စံရ တီမိုးမြင့်က စွမ်းရဲ့ ညီမဖြစ်သူအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဇာတ် ကားလေးလည်းဖြစ်ပါတယ်။ အရင်ကထက်ပိုပြီး ဇာတ်ကားတွေကို ရွေးချယ် ရိုက်ကူးခွင့်ရလာတဲ့ အပေါ်မှာလည်း စံရတီမိုးမြင့်က "အရင်တုန်းကဆိုရင် ဇာတ်ကားကို ရိုက်တဲ့အခါမှာ ရွေးချယ်ခွင့် သိပ်ပြီး မရှိဘူး။ အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းရွေး ချယ်ခွင့်ပို ပြီးရလာတယ်။

ပြီးတော့ အခု နောက်ပိုင်း ကိုယ့်ဆီရောက်လာတဲ့ ဇာတ်တွေကလည်း ကိုယ့် အတွက် တအားအဆင်ပြေပြီး ကောင်းတဲ့ဇာတ် တွေလာတဲ့အတွက် အလုပ်မှာ အဆင်ပြေပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဇာတ်ကားထဲမှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုက လည်းကောင်းရမယ်။ ဥပမာ ကိုယ်ရွေး ချယ်ထားတဲ့ ဇာတ် က တအား ကောင်း နေပြီး ကိုယ့်ရဲ့ သရုပ်ဆောင်မှု က အဆင်မပြေ ရင် လည်း ဇာတ် ကား အောင်မြင် မှုလို့ ပြောလို့မရ ဘူး။ ဇာတ်ကားက လည်း ကောင်းရ မယ်။ကိုယ့်ရဲ့ သရုပ် ဆောင်မှုကလည်း
ကောင်းမယ်။ပရိသတ် ကလည်း အကြိုက်တွေ့ နိုင်မယ့် ဇာတ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ။ အဲဒီလိုမျိုး အဘက် ဘက်က ပြည့်စုံပြီး ကောင်း နေ ရင်တော့ ကိုယ်ရွေးချယ် တဲ့ ဇာတ်ကားအောင်မြင် တယ်လို့ ပြောလို့ ရပါတယ်။ ရိုက်သမျှဇာတ် တွေကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

စံရတီမိုးမြင့်က ဟာသ ဇာတ်ပဲဖြစ်ဖြစ်၊ ဒရာမာ ဇာတ် ပဲဖြစ်ဖြစ် ဇာတ်ထဲကို စိတ် နှစ်ထားပြီး သရုပ်ဆောင်ရင် တော့ အခက်အခဲသိပ်ပြီး မရှိပါ ဘူးလို့ ဆိုပါတယ်။ အနုပညာ ရှင်နဲ့ ကောလာဟလသတင်းဆိုတာ ကလည်း ဒွန်တွဲနေတဲ့အတွက် ကောလာဟလသတင်းတွေ ထွက် လာရင် ခေါင်းထဲကို ထည့်မထားတော့ ပါဘူးလို့ စံရတီမိုးမြင့်က ပြောပါတယ်။

"ကိုယ်တွေ ငယ်ငယ်တုန်းက တခြားအနုပညာရှင်တွေရဲ့ ကောလာ ဟလ ထွက်သံတွေကို ကြားဖူးတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကြားလိုက် ပြီဆိုတာနဲ့ ဟုတ်တယ်လို့ကို စိတ်ထဲမှတ် လိုက်တယ်။ အဲဒီလို အတွေး မျိုးတွေရှိ တယ်။ ကြားလိုက်တာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် တကယ်လို့ ထင်မိတယ်။ အခုချိန်မှာကိုယ်က အနုပညာရှင်ဖြစ် လာပြီ။

ကိုယ်တိုင်ဒီလိုမျိုး ကောလာဟလတွေကို ပထမဦးဆုံးကြုံရတဲ့အခါကျတော့ ဘာဖြစ်လို့ မဟုတ်ဘဲနဲ့ ဒီလို မျိုး ပြောရတာလဲဆိုပြီး စိတ်ထဲမှာ ခံစားရတယ်။

နောက်ပိုင်းကျတော့ နေတတ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တစ်ယောက်တည်း အပြောခံရတာမှ မဟုတ်တာ ကိုယ်သိသလောက် ဆိုရင် အနုပညာရှင်တော်တော်များများ အပြောခံရ တယ်။ အဲဒီလို မျိုးဖြစ်အောင် ပြောတဲ့ သူတွေကလည်း ရှိတယ်။

ကိစ္စသေးသေးလေးတစ်ခုကို အကြီးကြီး ဖြစ်အောင် ချဲ့ပြီး ပြောတဲ့ သူတွေလည်း ရှိတယ်။ အဲဒါကြောင့် အဲဒီအတွက်ကို ကိုယ့်ရဲ့ခေါင်းထဲ ဘာမှကို မထည့်တော့ဘူး။ အဲဒီလို ကောလာဟလတွေက ကိုယ့်ရဲ့ အလုပ်ကိုလည်း စိတ်အနှောင့်အယှက် တအားဖြစ်စေတယ်။

အခုနောက်ပိုင်း ခေါင်း ထဲမထည့်တော့တဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲလည်း မရှိ အနှောင့်အယှက်လည်း မရှိတော့ဘူး။ လုပ်ရတာ အဆင်ပြေတယ်။ တစ်ခါတလေတော့ ကိုယ်ဖြေရှင်းမှရမယ့် ကိစ္စမျိုးဆိုရင်တော့ ပြဿနာမကြီးခင်မှာ ဖြေရှင်းတယ်။
မလိုတဲ့ကိစ္စမျိုးဆိုရင်တော့ မဖြေရှင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ် လုပ်လုပ်မလုပ်လုပ် ပြောနေတဲ့ ကိစ္စကို ကျွန်မမလုပ်ပါဘူးလို့ သွားဖြေ ရှင်း ရင်လည်း ယုံချင်တဲ့ သူမှယုံမှာ လေ။အဲဒီအတွက် ခေါင်းထဲကို သိပ်ပြီး မထည့်တော့ ဘူး။ ကိုယ့်ခေါင်း ထဲမှာ အလုပ်ကိုပဲ ဦးစားပေးပြီး လုပ် ဖြစ် တယ်" လို့ပြော ပါတယ်။

လွင်လွင်ထွန်း

အေးချမ်းမွန်





Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map