လာပြန်ပြီ မိုင်တိုင် ၂၆…

မိုင်တိုင် ၇၆လို့ အမည်နဲ့ မြန်မာ့ ရုပ်ရှင် ဗွီဒီယိုလောကမှာ အောင်မြင်မှု
ရသွားသေးတဲ့ ဇာတ်ကား တစ်ကားကို လူတိုင်း အမှတ်ရဦးမယ် ထင်ပါတယ်။ ဖြစ်ရပ်မှန်
အပေါ်မှာ အခြေခံ ရိုက်ကူးထားတယ်လို့ ဆိုပြီး ဆင်ဆာတွေ များတာကြောင့် DVD,
VCDတွေကို အလွယ်ပဲ ဖြန့်ချိခဲ့ရတဲ့ ဇာတ်ကားလေ။ အခုလည်း သူနဲ့ ဆင်တူ
ဖြစ်မယ့် မိုင်တိုင် ၂၆လို့ အမည်ရှိတဲ့ ဇာတ်ကားသစ် တစ်ကား ရုံဝင်လာတာ တွေ့ရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ ကတည်းက တော်ဝင်စင်တာ ရုပ်ရှင်ရုံမှာ အဆိုပါ
ဇာတ်ကားအကြောင်း Press Showပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ Junction Square,
Junction Nay Pyi Tawနဲ့ တော်ဝင်စင်တာတွေမှာ ပြသနေတာ တွေ့ရပါတယ်။
ဇာတ်ကားသစ် မိုင်တိုင် ၂၆ကို ရိုက်ကူးတင်ပြထားတဲ့ ဒါရိုက်တာကတော့
မောင်မျိုးမင်း ဖြစ်ပြီး အဓိက သရုပ်ဆောင်တွေ အဖြစ် သူထူးစံနဲ့
ခွန်းဆင့်နေခြည်တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပြီး မိုင်တိုင်
၇၆ဇာတ်ကားတုန်းကလို အမြန်လမ်းမပေါ်မှာ ဖြစ်တာ မဟုတ်ပဲ မန္တလေး- ပြင်ဦးလွင်
လမ်းမပေါ်က မိုင်တိုင် ၂၆ (ခြောက်ထပ်ကွေ့)မှာ ဖြစ်ပွားခဲ့တဲ့ မိခင်နဲ့ သမီး
မိသားစု နှစ်ယောက် ကားအက်ဆီးဒင့်ကို သရုပ်ဖော် ရိုက်ကူးထားတာ ဖြစ်တယ်လို့
ဆိုပါတယ်။ အဆိုပါ ဇာတ်ကားအား အက်ဆီးဒင့် ဖြစ်ခဲ့တဲ့ နေရာမှာ
သွားရောက်ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပြီး ဇာတ်ကားရဲ့ အဓိက
သရုပ်ဆောင်လည်းဖြစ် ထုတ်လုပ်သူလည်း ဖြစ်တဲ့ မင်းသမီး ခွန်းဆင့်နေခြည်က
“မိုင်တိုင် ၂၆က စင်ကာပူမှာ ရှိတဲ့ Cathay Cineplixမှာ ရုံတင်ရလောက်အောင်
အရည်အသွေးရှိတယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ဒီကားကို
အင်္ဂလိပ်စာတန်းထိုးနဲ့ ပြုလုပ်ပြီး ပြသသွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
0 comments:
Post a Comment