<div style='background-color: none transparent;'></div>

Home » » ရော်နယ်ဒိုကို မန်ယူ ခေါ်ဖို့မဖြစ်နိုင်ပါဘူး----မော်ရင်ဟို

ရော်နယ်ဒိုကို မန်ယူ ခေါ်ဖို့မဖြစ်နိုင်ပါဘူး----မော်ရင်ဟို



မန်ယူအနေဖြင့် ရော်နယ်ဒိုကို ခေါ်ယူရန်မျှော်လင့်ချက်ကို လက်လွှတ်သင့်ကြောင်း ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ဝေဖန်သွားခဲ့သည်။ ရီးရဲလ်မှာ ဘဏ္ဍာရေးအင်အား တောင့်တင်းသည့်အသင်း
တစ်သင်းဖြစ်ပြီး ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုများကို ပယ်ချသွားလိမ့်မည်ဟု မော်ရင်ဟိုက သုံးသပ်ခဲ့ပြီး ရော်နယ်ဒိုအနေဖြင့် မန်ယူနှင့် ပရီးမီးယားလိဂ်ကို ချစ်သော်လည်း ရီးရဲလ်တွင်သာ ဆက်ကစားလိမ့်မည်ဟုလည်း မော်ရင်ဟိုက ဆိုသွားသည်။

မော်ရင်ဟိုက “ ရီးရဲလ်ဟာ ချမ်းသာကြွယ်ဝတဲ့အသင်းတစ်သင်းဖြစ်လို့
ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်သလို သူ့အတွက် ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချသွားပါလိမ့်မယ်။ ရော်နယ်ဒိုဟာ မန်ယူနဲ့ ပရီးမီးယားလိဂ်ကို ချစ်ပေမယ့် ရီးရဲလ်မှာပဲဆက်ကစားပါလိမ့်မယ်”ဟု
ပြောခဲ့ပြီး ဘားနတ်မောက်ကို ၆ဂိုးပြတ်အနိုင်ရခဲ့သည့် ခြေစမ်းပွဲအပြီး
ရော်နယ်ဒိုမှာ မိမိတို့အတွက် အရေးပါသော ကစားသမား တစ်ဦးဖြစ်ပြီး အသင်းတွင် ဆက်ရှိစေလိုကြောင်း ရီးရဲလ်နည်းပြ အန်စလော့တီက အတည်ပြုခဲ့ပြီး စာချုပ်သစ် မချုပ်ဆိုနိုင်ခြင်းမှာလည်း ပြဿနာ တစ်ရပ်မဟုတ်ဟု ဖွင့်ဟသွားခဲ့သည်။
http://yoyarlay.com/sport/football/36737-2013-07-22-11-08-54
ဇော်ထွန်း(ရိုးရာလေး)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map