<div style='background-color: none transparent;'></div>

Home » » "ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း"

"ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း"



ဝိုင်းစုခိုင်သိန်းက သူရဲ့ စုံတွဲ အခွေ အတွက် ဇူလိုင်လ ၁ဝ ရက်နေ့ ကဆိုတေးနဲ့ အတူ Pro Music Studio မှာ တွေ့ဆုံခဲ့ပါတယ်။ ဆိုတေးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)ချော ချောကလည်း အဲဒီနေ့က လိုက်လာခဲ့ ပါတယ်။

"ဝိုင်းစုရဲ့ အတွဲခွေ အတွက် ဆို တေးက သီချင်းတီးဖို့ လာလုပ်ပေး တယ်။ စတူဒီယိုရှေ့က သဘာဝ ဆိုင်မှာ အတူတူ စားသေးတယ်။ အဲဒီကောင် မလေး နဲ့ ဝိုင်းစုနဲ့ ဆိုရင် ဝိုင်းစုဘေး ကပ်ရပ် တင်စားတာ။ တအား အေး တာ။ ဆိုတေးက တစ်ချိန်လုံး နောက်နေတာပဲ။ သူက ပြုံးပြုံးလေးပဲ ချစ်ဖို့ ကောင်းတယ်။ အရင်တစ်ခေါက် သထုံမှာ သီချင်းသွားဆိုတော့ တွေ့ ဖူးတယ်။ အဲဒီတုန်းက သေချာမသိ လိုက်ဘူး။ ၁ဝ ရက်နေ့ကမှ သေချာ စကားပြောပြီး သူနဲ့ ဓာတ်ပုံတွေ ရိုက် တယ်။ သူ့ကင်မရာထဲမှာ လည်း နှစ် ယောက်တွဲ ဓာတ်ပုံ ရိုက်သေးတယ်။ ဆိုတေးကတောင်မှ ဝိုင်းစုနဲ့ ဆိုတဲ့ သီချင်းက အဲဒီ ကောင်မလေး ကြိုက် လို့ဆိုတဲ့ သီချင်းတဲ့။ မဆိုဘူးဆိုရင် စိတ် ကောက်မယ်လို့ လုပ်တယ်ဆိုပြီး စနေသေးတယ်" လို့ပြန်လည်ပြောပြခဲ့ပါတယ်။

ဆိုတေးတို့ ကားအက်ဆီးဒင့်ဖြစ် ပြီး ဝင့်ကုဋေသူ ကွယ်လွန်သွားတာ ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်ဆို တဲ့ ဝိုင်းစုခိုင်သိန်းက

"သူဆုံးသွားပြီ ဆိုတော့ ယုံကို မယုံနိုင်ဘူး။ ကိုယ်နဲ့ တွေ့ထားတာ မှ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ဆို တေးလည်း အခြေအနေမကောင်း ဘူးလို့ ကြားတော့ တောက် လျှောက် သတင်းမေးနေတာ။ နေပြည်တော်က အသိ ကိုလည်း လိုက်သွားဖို့ ပြောတော့ သူ လည်းလိုက်သွားတယ်။ ဆေး ရုံ ကိုတောက်လျှောက် သတင်း လှမ်းမေးနေတာ။ အဲ ဒီကောင်မလေး ဆုံး သွားတော့ ဝိုင်းစုတို့ ငိုရ တယ်။ ဝိုင်းစု ရော၊ ဝိုင်းစုအမေ ရော၊ ဝိုင်းစု မိတ် ကပ်ဆရာရော အကုန်ငို ကြတယ်။

စတူဒီယို ရောက် တော့အသံသွင်းခါနီးမှာ ဆိုတေး သတင်း ထပ်ကြား တာက ဆိုတေးက ပရက်ရှာကျနေတယ်။ အခုတော့ ပရက်ရှာ နည်းနည်း တက်လာတယ်။ အားလုံး ဘုရားစာ ရွတ်နေပြီ တဲ့၊ ဆုံးခါနီး ရွတ်တဲ့ ဘုရား စာ ပေါ့။ အဲဒီတော့ ငိုရပြန်ရော၊ အသံသွင်းတာကို အဲဒီနေ့က တစ်ချိန် လုံး ငိုပြီး အသံသွင်းရတယ်။ ဆိုတေးနဲ့ ဆိုမယ့် သီချင်းနာမည်က "အသက်ရှု မှားအောင်" တဲ့၊ တကယ်ပဲ အဲဒီလို ဖြစ် သွားတာပဲ။ အခုတောင် ဝိုင်းစု စဉ်း စားနေတာ သူ အဲဒီနေ့က အကြမ်း ဆိုထားတာကို အသံဖမ်းထား တာကိုပဲ ထုတ်ရမလား၊ ဘယ်လို ဖြစ်မလဲ မသိဘူး။ အမှတ်တရ ဖြစ်သွားတာပေါ့။ ဆိုတေး သတိ ရလာရင် ဆေးရုံမှာဆိုတော့ ချော ဒီလိုဖြစ်တယ် ဆိုတာကို ချက် ချင်းမပြောသေးဘူးတဲ့။ သူ့နေ ရာမှာ ကိုယ်လည်းမခံစားနိုင်ဘူး။ ဆို တေးအတွက်တတ်နိုင်သမျှ အကောင်း ပကတိ အတိုင်းဖြစ်ပါစေလို့ ဝိုင်းစု ဆု တောင်းနေမှာပါ"လို့ပြောပါတယ်။

ခိုင်ဝေလွင်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map