Home »
သတင်း
» ဘီယာကန်အတွင်း ရေချိုးနိုင်မည့် ဟိုတယ်ဝန်ဆောင်မှု
ဘီယာကန်အတွင်း ရေချိုးနိုင်မည့် ဟိုတယ်ဝန်ဆောင်မှု
ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့ ရှိ ယူဆလက်ကာ ဟိုတယ်သည် လာရောက်တည်းခိုသည့်
ဧည့်သည်များအတွက် ဘီယာများ ထည့်ထားသော ရေချိုးကန်အတွင်း စိမ်ကာ
အပန်းဖြေနိုင်မည့် ၀န်ဆောင်မှု ပြုလုပ်ပေးလျက်ရှိသည်။ ဘီယာကန်အတွင်း
ဝင်ရောက်ကာ ရေချိုးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပေး နိုင်ခြင်း၊
ကြွက်သားတင်းမာမှုများ ကို ပျော့ကျစေခြင်း၊ အရေပြားချောမွေ့လှပ ခြင်းတို့ကို
ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ထိုကဲ့သို့ ၀န်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ဟိုတယ်၏ ကြေညာတစ်ရပ်တွင်ထည့်သွင်းဖော်ပြသွားခဲ့သည်။ ယင်းဟိုတယ်သည် ချိုတိုဗာဘီယာစက်ရုံတွင် တည်ရှိပြီးဟိုတယ်အတွက် လိုအပ်သော ဘီယာများကို အလွယ်တကူရရှိစေနိုင်မည်ဖြစ်ပြီးဧည့်သည်များအတွက် ထိရောက်သောဝန်ဆောင်မှုများ ပြုလုပ်ပေးနေကြောင်း ဟိုတယ်၏ ၀က်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြထားသည်။
အေးချမ်းမွန်
0 comments:
Post a Comment