အမြန်လမ်းမကြီးပေါ်မှာ ကားမောင်းရင်း အိပ်ငိုက်ကြ တဲ့အကြောင်း ခဏခဏကြားရ တော့ ကျွန်မကား မောင်းခဲ့ချိန် က ကိုယ့်နည်းကိုယ်ဟန်နဲ့ အိပ် ချင်လာကြောင်းသိရအောင် လုပ်ခဲ့တာလေး သွားသတိရပါ တယ်။
လွန်ခဲ့တဲ့ ၈လလောက်က ကျွန်မအမျိုးသားရယ် မောင် လေးရယ်နဲ့ သုံးယောက်အတူ ပုဂံညောင်ဦးကို ခရီးထွက်ဖြစ် ကြပါတယ်။ ခရီးဝေးမောင်း မှာမို့ကားဘီးလေပေါင်မများ အောင် ပြန်စစ်ရပါတယ်။လေ ပေါင်သိပ်များရင် တာယာကွဲ ထွက်မှာစိုးလို့ပါ။ အပူကြောင့် လေဟာပေါ့ပြီး ပွလာတတ်လို့ ပါ။ ကားအောက်ပိုင်းကို လည်း ခရီးဝေးသွားလို့ အဆင်ပြေ မပြေ
စစ်ရပါတယ်။
နောက်ပြီး ည ဘက်ကားမောင်းတာဟာ လူကို ရော ကားကိုပါအပူသက်သာစေ တဲ့အတွက် ညဘက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရန်ကုန်ကနေ ည ၉နာရီ လောက်ထွက်လာကြပါတယ်။ ၁၁၅ မိုင်ထိ မောင်လေးမောင်း။ ၁၁၅မိုင်ကနေ နေပြည်တော်ထိ ကျွန်မမောင်း၊ နေ ပြည်တော်က နေ ပုဂံထိ အမျိုးသား မောင်းဖို့
တာဝန်ခွဲဝေလိုက်ပါတယ်။ ၁၁၅မိုင် feel မှာစားသောက်ပြီး ထွက်လာတော့ ည ၁၂နာရီပါ။ည၁၂ နာရီမှာမောင်းဖို့ရွေးချယ် ရတဲ့ အကြောင်းက ကျွန်မအိပ် ချိန်က ည ၂နာရီမို့ပါ။ ၁၂ နာရီဆိုတာ ကျွန်မအလန်းဆုံး အချိန်ပေါ့။
ကျွန်မဆက်မောင်း လာတဲ့ အချိန်မှာမိုးကလည်းရွာ လာပြီး မောင်လေးနဲ့ အမျိုးသား လည်းအိပ်သွားကြပါတယ်။ကျွန်မ လည်း ဒီအချိန်
အိပ်နေကျ မဟုတ်ပေမယ့် အာရုံစူးစိုက်ပြီး အမှောင်ထဲကိုပဲ ကြည့်နေရတော့ နည်းနည်း အာရုံညောင်းလာ ပါတယ်။ သီချင်းဖွင့်ထားရင် အိပ်ချင်ပြေတယ်လို့ လူအများ ထင်ကြပေမယ့်ပုံမှန်ထွက် ပေါ် နေတဲ့ ဂီတသံစဉ်ဟာ လူကို ချော့ သိပ်သလိုဖြစ်လာတတ်တာ ပါ။တကယ်တမ်းအိပ်ချင်လာရင် အနားက ဘယ်သူပဲ စကားပြော ပေးပေး ဘာသီချင်းပဲ ဖွင့်ဖွင့် လုံးဝမတွန်းလှန်နိုင်ပါဘူး။အိပ် ချင်စိတ်ဆိုတာ အတွင်းကလာ တာပါ။ အတွင်းရန်ကို အပြင်လူ မနိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ့်ခံ နိုင်ရည်၊စိတ်ခွန်အား၊ ဦးနှောက် ခွန်အားတွေနဲ့ပဲ
အိပ်ချင်စိတ် ကိုတွန်း။ လှန်နိုင်တာမျိုးပါ။ ပြင်ပ အကူအညီက အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ် တမ်းသိပ်အိပ်ချင်လာရင် ဘယ်လို မှတားဆီးမရ နိုင်ပါဘူး။
ကျွန်မကားမောင်းနေချိန် မှာ ကွေ့ရှိရင် ပြထားတတ်တဲ့ မြားတွေ မြင်တိုင်း အရှိန်လျှော့ ပါတယ်။လမ်းတွေဟာ ညီညာ ပြန့်ပြူးနေလို့ပိုသတိရှိရပါတယ်။ ၁၁၅မိုင်ရဲ့ဟိုမှာဘက်မှာ ပိုဖြစ် တတ်တာကအဲ့ဒီဘက်ဟာ စိတ် လွတ်ကိုယ်လွတ် သိပ်မောင်း ကောင်းတဲ့ မြေညီများလို့ပါ။ ၁၁၅မိုင်အထိက အကွေ့တွေ များလို့တအားသတိထား မောင်း ခဲ့ရသူတွေဟာအဲ့ဒီဘက်လည်း ရောက်ရောစိတ်ကိုသက်သောင့် သက်သာဖြေလျှော့ လိုက်ကြတတ် လို့ပါ။ကားမှန်ပိတ် အဲကွန်းဖွင့် မောင်းနေတဲ့အတွက် သိပ်ကို သက်သောင့်သက်သာဇိမ်ကျ လွန်းတဲ့ အခြေအနေကလည်း သတိကို လွတ်စေတဲ့အတွက် ကီလိုမီတာ ဘယ်လောက်နဲ့ မောင်းနေသလဲဆိုတာ မကြာ မကြာကြည့်ရပါတယ်။ကားဆို တာမျိုးကမြန်လေမောင်းကောင်း၊ စီးကောင်းလေမို့လို့ပါ။
ကိုယ့်ကိုယ်ကိုယ်အာရုံညောင်း စပြုပြီလို့ သိတဲ့အချိန်မှာ ကျွန်မ သီချင်းကလေးစ ဆိုပါတယ်။သီချင်းဆိုတော့ ကိုယ့်အသံ ကိုယ်ပြန်ကြားရတယ်။ကိုယ် ကြားနေတဲ့ ကိုယ့်အသံဟာ ပုံ
မှန်လား ဘက်ထရီဒေါင်းနေတဲ့အသံလား" ကိုယ့်ဘာသာပြန် ဝေ ခွဲလို့ရတာပေါ့။ ခဏကြာတော့ အသံကလေးပြီး လျှာဝါးသလို ဖြစ်လာတယ်။ အရက်မူး သမား တွေ လျှာလေးအာလေး သီချင်း ဆိုသလိုဖြစ်လာချိန်မှာ ငါ တကယ်ဘက်ထရီ ဒေါင်းနေပြီ လို့ သိလိုက်ပြီး ကားကို လမ်း ဘေးချရပ်လိုက်ပါတယ်။
အမျိုး သားတစ်လှည့်မောင်းတဲ့အချိန် မှာ ကားနောက်ခန်းမှာ
အိပ် ပျော်သွားလိုက်တာများ လုံးဝ ဘက်ထရီမရှိတော့တဲ့ စက်ရုပ် လိုတုံးခနဲပါပဲ။ကိုယ့်ကိုယ်ကိုယ်ဘက်ထရီဒေါင်းမဒေါင်းစမ်းသပ်တဲ့ ဒီနည်းကအဝေးပြေးကားမောင်းသူတွေ၊သူများကားမောင်းရသူတွေ
အတွက်တော့ အဆင်ပြေမယ်မထင်ဘူး။
ပုညခင်
popularmyanmarjournal


0 comments:
Post a Comment