သူ့ ကိုတော့ Bishop Rock လို့ ခေါ်ကြပါတယ်။ မီးပြတိုက်ရဲ့ အမြင့်က ၄၆ မီတာ ရှိပြီးတော့ ထိပ်ဆုံး အကျယ် အ၀န်းက တော့ ၁၆ မီတာ ရှိပါတယ်။ အသေးဆုံး ကျွန်းကလေးပေါ်မှာ တည်ဆောက်ထားသော မီးပြတိုက် တစ်ခုဖြစ်ပြီး ၊ ကမ္ဘာပေါ်မှာရှိတဲ့ အသေးဆုံးကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ မီးပြတိုက်အဖြစ် ဂင်းနစ် စာအုပ်ထဲမှာ မှတ်တမ်း ၀င်ခဲ့ပါတယ်။
Scilly Isles ရဲ့ ပတ် လည်မှာ ငေါထွက်နေတဲ့ ကျောက်ဆောင်၊ ကျောက် တန်းတွေကြောင့် လွန်ခဲ့သော အချိန် တွေတုန်းက သင်္ဘောအတော်များများ ပျက်စီးခဲ့ရပါတယ်။ငေါထွက်နေ
ဒါကြောင့် Scilly Isles ကျွန်းမှာ မီးပြတိုက် တစ်ခု ဆောက်လုပ်ဖို့ အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
ယနေ့ အချိန်အထိလည်း Bishop Rock မီးပြ တိုက် ရဲ့ ကျေးဇူးကြောင့် ဥစ္စာပစ္စည်း မြောက်များစွာနဲ့  အသက်ပေါင်း များစွာကို စောင့်ရှောက်နိုင်ခဲ့ ပါတယ်။
Kaung Zay Yan
(Discoveries Myanmar)
အေးချမ်းမွန်


0 comments:
Post a Comment