မန်ယူအသင်း ကစားသမား ရှင်ဂျီကာဂါဝါ ဟာ ဂျပန်တွင် ကစားမည့် ခြေစမ်းပွဲစဉ်တွင် မန်ယူ
အသင်းနှင့် အတူ ပွဲထွက်ပါဝင်လာတော့မယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားဟာဒေါ့မွန် အသင်း ၏
အောင်မြင်မှုများ ရရှိခဲ့စဉ်အချိန်က အသင်း ၏ အဓိက ကွင်းလယ်ကစားသမား အဖြစ် ပါဝင်ကစားခဲ့ပြီး
ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွေ့ က မန်ယူအသင်းသို့ ပြောင်းရွေ့ ကြေး ပေါင် စတာလင် ၁၇ သန်းဖြင့်
ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သို့ သော် ကာဂါဝါ အနေနှင့် မန်ယူအသင်းသို့ ရောက်ရှိချင်းမှာပင်
ဒူးဒါဏ်ရာကြောင့် နှစ်လ ခန့် အနားယူခဲ့ရပြီး မန်ယူအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်များကို လွဲချော်ခဲ့ရပါတယ်။
ပြီးခဲ့သည့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ဒေါ့မွန် အသင်းအား အနိုင်ယူခဲ့သည့်
ပွဲစဉ်အပြီးတွင်လည်းသူ ဟာ သူ့ ရဲ့ အသင်းဟောင်းရဲ့ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သတ်ပြီး အလွန်စိတ်မကောင်းဖြစ်
နေကြောင်း သူ့ အနေနဲ့ အသင်းကို စွန့် ခွာ ခဲ့ခြင်းဟာ မှားယွင်းခဲ့တယ်လို့ ဆိုလာပါတယ်။ အဲလိုမျိုး
စိတ်မကောင်းဖြစ်ခဲ့ခြင်းဟာပဲ ကျွန်တော့်ကို ပိုမိုပြီး အားစိုက်ထုတ်စေခဲ့ပါတယ် ကျွန်တော် ယခင်ထက်ပိုမို
ကြိုးစားချင်လာပါတယ်လို့ ဆိုပါတယ်။
ကာဂါဝါ ဟာ မန်ယူအသင်းနှင့် အတူ အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကို
ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို အသင်းအတွက် အကျိုးပြုစေမယ့် ဟက်ထရစ် ဂိုးကိုတွေကို နော်ဝှစ်ခ်ျ
နှင့်ပွဲစဉ်တွင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့ သော်ကာဂါဝါ အား ဂျပန်သတင်းဌာန တစ်ခုက အင်တာဗျုး
ရာတွင်ပြောကြားခဲ့သည်က -
ကျွန်တော်ဟာ ကျွန်တော် ဒါဏ်ရာရရှိနေချိန်အတွင်းတွေမှာ အသင်းမှာ ကစားရတာ မပျော်ရွှင်ခဲ့ပါဘူး။
ကျွန်တော် ရဲ့ အားထုတ်မှုတွေ မပါဝင်တဲ့ အသင်းရဲ့ ပွဲချိန်တွေဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်မဲ့နေသလို
ပါပဲ။ ကျွန်တော် ဒါဏ်၇ာ တွေ ရနေတာကြောင့် ဂိုးတွေ မသွင်းနိုင်ခဲ့ပါဘူး။ဒါပေမယ့် ကျွန်တော်တို့ ဟာ
ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့ကြပါတယ်။ အဲဒါဟာလည်းကျွန်တော့် စိတ်ကို ဖြေသိမ့်ရာ ရောက်စေခဲ့
သလိုပါပဲ။ ကျွန်တော့် စိတ်ထဲက အတိုင်းပြောရရင်တော့ ပြီးခဲ့တဲ့ဘောလုံးရာသီဟာ ကျွန်တော့်အတွက်
အဓိပ္ပါယ် မရှိခဲ့ပါဘူး " လို့ ဆိုပါတယ်။
ကာဂါဝါဟာ ဒေါ့မွန် အသင်းနဲ့ ပတ်သတ်ပြီး အလွန်အမင်း ခင်မင်တွယ်တာစိတ်များပါတယ်။
သူ ဟာ တကယ်လို့ အခြေအနေသာ ပေးခဲ့မယ်ဆိုရင် တစ်နေ့ မှာ ကျွန်တော့ အသင်းဟောင်းကို ပြန်
ရောက်ကစား လိုတယ်လို့ ဆိုထားပါတယ်။ သူ ဟာ သူ့ ရဲ့ မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် နဲ့ အတူ သေချာ
ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ သူ နဲ့ လက်တွဲဖော် ကစားသမားဖြစ်တဲ့ ၀ိန်းရွန်းနီ ဟာလည်း ချယ်ဆီးလ်အသင်း
သို့ ပြောင်းရွေ့ မယ်လို သတင်းထွက်ပေါ်နေတာတွေကြောင့်လည်း မိုယက်စ် တစ်ယောက်ကို အလုပ်ရှုပ်
စေခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ် က ကာဂါဝါ နှင့်ပတ်သတ် ၍ -
ယခင်နည်းပြ ဆာအဲလက်ဖာဂူဆန် ဟာ ကာဂါဝါ နှင့် ပတ်သတ်၍ သူ့ အကြောင်းတွေကို အမြဲ ပြောကြားပါတယ်။ သူ ဟာ တကယ် ပြည့်စုံတဲ့ကစားသမား တစ်ဦးဖြစ်တယ်လို့ လည်းဆိုပါတယ်။
ကျွန်တော်တို့ဟာ အချိန်တွေ အတော်အများကို ရင်းနှီးပြီးတော့ ခင်မင်မှုအတိုင်းအတာကို တည်ဆောက်
ရပါလိမ့်မယ်။ ကျွန်တော်ဟာ သူနဲ့ပတ်သတ်ပြီး ခင်မင်ရင်းနှီးမှု အတိုင်းအတာကို အရှည်လျားဆုံးအနေ
အထားအထိ သွားရောက်လိုပါတယ်။ " လို့  ဆိုထားပါတယ်။






0 comments:
Post a Comment