<div style='background-color: none transparent;'></div>

Home » » ဒါဖတ်ပြီးမှ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ပြတိုက် သွားပါ

ဒါဖတ်ပြီးမှ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်ပြတိုက် သွားပါ


မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မှာ ရန်ကုန်က အာဇာနည် ဗိမာန်သွားပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေ ကို ဂါရ၀ပြုတဲ့အခါ ပန်းခွေ၊ ပန်းခြင်း၊ ပန်းစည်းတွေ မယူသွားပါနဲ့။ ဒီအပြင် ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်တွေလည်း ယူမသွားပါနဲ့။


အာဇာနည်နေ့ ကျင်းပရေးရဲ့ လုံခြုံရေးနဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီက အထက်ပါ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသိပေး ကြေညာထားပါတယ်။


အာဇာနည်ဗိမာန်သို့ ဂါရဝပြု လာရောက်ကြသည့် လုပ်သားပြည်သူများ အနေဖြင့် အောက်ပါပစ္စည်းများကို ယူဆောင်၍ အာဇာနည်ဗိမာန်သို့ ဝင်ရောက်ခွင့် မပြုကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်-

ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး
ကင်မရာ အမျိုးမျိုး
လက်ကိုင်ဖုန်း အမျိုးမျိုး
လက်ကိုင်အိတ် အမျိုးမျိုး

၂၀၁၃ ခုနှစ်၊ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ

ဒီအပြင် ဗိုလ်ချုပ်ပြတိုက်သွားတဲ့အခါလည်း ဒါတွေမယူသွားဖို့ အသိပေးကြညာထားတာ သတိရကြပါ။

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက် ကြည့်ရှုလေ့လာမည့် လုပ်သားပြည်သူများ အနေဖြင့် အောက်ပါပစ္စည်းများကို ယူဆောင်၍ ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက်ခွင့် မပြုကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်-
ကင်မရာ အမျိုးမျိုး
လက်ကိုင်ဖုန်း အမျိုးမျိုး
လက်ကိုင်အိတ် အမျိုးမျိုး

၂၀၁၃ ခုနှစ်၊ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map