Home »
သတင်း
» တိုးတက်လာသော နည်းပညာကြောင့် အနုပညာ အလုပ် အချိန်တို အတွင်း လုပ်ပြခွင့်ရပြီ ဆိုသူ ငြိမ်းချမ်း =========================================
တိုးတက်လာသော နည်းပညာကြောင့် အနုပညာ အလုပ် အချိန်တို အတွင်း လုပ်ပြခွင့်ရပြီ ဆိုသူ ငြိမ်းချမ်း =========================================

နည်းပညာ တိုးတက်လာ၍ ကိုယ် လုပ်ချင်သော အနုပညာ အလုပ်ကို အချိန် တိုအတွင်း
လုပ်ပြခွင့် ရပြီ ဖြစ်ကြောင်း လူရွှင် တော် သရုပ်ဆောင် ငြိမ်းချမ်းကပြောသည်။
အရင်က ထက်စာရင် အခုက သွက်သွက် လက်လက်တွေ ပိုရှိလာတယ်။ အရင်တုန်းက နှစ်ရက်၊
သုံးရက်လောက် ရိုက်ရတာက အခု ဆိုရင် တစ်ရက်တည်း နဲ့ပြီးရင် လည်း
ပြီးသွားတယ်။ နည်းပညာ တိုးတက် လာတာဖြစ်တဲ့ အတွက်ပါဟု ၄င်းက ပြောသည်။
လတ်တလောမှာ ငြိမ်းချမ်းက ဒါရိုက်တာ ဇေပါ ၏ ‘ဇီးရိုးလား၊ ဟီးရိုး လား’
ဇာတ်ကားကို ခန့်စည်သူ၊ သင်ဇာ ဝင့်ကျော်၊ မျိုးမျိုးခိုင် တို့နှင့် အတူ
ရိုက် ကူးနေသည်။ ”ဦးက သမီးလေး နေခြည် ငြိမ်းချမ်း နဲ့ ဇာတ်ထောင် ထားတယ်။
ပွင့်လင်း ရာသီရောက်ရင်တော့ ဦးတို့ဇာတ် ကတယ်။
ပွဲကတော့ မြန်မာ
တစ်ပြည်လုံး အနှံ့ကို ကဖြစ်ပါ တယ်။ အခုမိုးတွင်း ဘက်ကျတော့ ဇာတ်ကတဲ့ ရာသီက
နားထားတဲ့ အတွက် ဇာတ်ကားပြန်ရိုက် တယ်။ နွေဘက် ရောက်ရင်တော့ ဇာတ် ကားရိုက်
ရတဲ့ရက်နဲ့ ပွဲက ရတာနဲ့ ချိန်ရတယ်။ အချိန်ကို ညှိပြီး လုပ်ရတယ်။ ပွဲကရတာက
ပရိသတ်နဲ့ တိုက်ရိုက်ထိ တွေ့ခွင့်ရတဲ့ အတွက် ပိုပျော်ပါတယ်”လို့ ပြောပါတယ်။
အနုပညာအလုပ်မှာ အခက် အခဲ မျိုးစုံနဲ့ ကြိုးစား ဖြတ်သန်းလာ ခဲ့ရပြီးမှ
အခုလိုမျိုး ရပ်တည်နိုင်ရခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းက ပြောပါသည်။
”ဦးတို့ အနုပညာ အလုပ်မှာ အများကြီး ကြိုးစား ခဲ့ရ ပါတယ်။ ဦးတို့က
လူရွှင်တော် ဖြစ်တဲ့ အတွက်ကြောင့် အကုန်လေ့ လာခဲ့ရတယ်။ ဒရမ်မာ ရိုက်ရင်လည်း
မျက်ရည် အစစ်တွေ နဲ့ တူအောင် ဖန် တီးပြီး ရိုက်ခဲ့ ရပါ တယ်။ ဆရာ သမား
ကောင်းတွေ ဆီမှာ ဆဲဆို ကြိမ်းမောင်း ခံပြီးတော့ ကြိုးကြိုး စားစား သင်ယူခဲ့
ရတယ်။ မျက်စိနဲ့ လည်း ကြည့်ရတယ်။ နားလည်း နားထောင် ရတယ်။ အဲဒီ
ကျေးဇူးတွေလည်း ပါပါတယ်”ဟု ၄င်း က ဆိုသည်။
တွယ်တာ
အေးချမ်းမွန်
0 comments:
Post a Comment