<div style='background-color: none transparent;'></div>

Home » » မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်

မွေးနေ့အလှူအနေနဲ့ဇာတိမြေချင်းတောင်မှာစေတီတည် ဖို့ သိန်းတစ်ရာမတည်တဲ့ သက်မွန်မြင့်

နှစ်စဉ်နှစ်တိုင်း မွေးနေ့မှာ အလှူအတန်း တွေနဲ့ဖြတ်သန်းလေ့ရှိတဲ့ သက်မွန်မြင့်က ဒီနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာလည်း မွေးနေ့အလှူအဖြစ် မှော်ဘီ က အောင်ဇမ္ဗူတောရကျောင်းတိုက်မှ သံဃာ တော်များကို ဆွမ်းဆက် ကပ်လှူဒါန်းသလို ဝါဆိုလဖြစ်တာကြောင့် ဝါဆိုသင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွေးနေ့တိုင်း၊ နှစ် တိုင်းမှာ အမှတ် တရလေးတွေရှိခဲ့ပြီး ဒီနှစ်မှာ လည်း ချစ်တဲ့ခင်တဲ့မိတ်ဆွေတွေက အလှူလုပ် တဲ့အချိန်မှာလာရောက်ချီးမြှင့်ခဲ့ကြသလို အလှူ အတန်းတွေကို လည်း ပြန်အမျှဝေပေးခဲ့ကြောင်း သက်မွန်မြင့်က ပြောပါတယ်။ ဒီနှစ်မွေးနေ့ အလှူအဖြစ်သက်မွန်မြင့်က အောင်ဇမ္ဗူတောရ ဆရာတော်ဦးစီးပြီး ချင်းတောင်မှာ ဇမ္ဗူအေး စေတီတည်ဖို့ရှိတာကြောင့် စေတီတည်ဖို့ အတွက် ငွေကျပ် သိန်းတစ်ရာလှူဒါန်းခဲ့ တယ်လို့ ပြောပါတယ်။ သာသနာထွန်းကား စေချင်တာကြောင့် တတ်နိုင်သလောက်ပါဝင် လှူဒါန်းခြင်းဖြစ်ကြောင်းကို သက်မွန်မြင့်က "ချင်းတောင်မှာ အောင်ဇမ္ဗူ ဆရာတော်က ဦးစီးပြီး ဇမ္ဗူ အေးစေတီတည်မှာပါ။ အဲဒီအတွက် ကိုယ်ကပိုက်ဆံလှူချင်တော့ စုထား တယ်။ မွေးနေ့မှာတော့ ငွေစုထား တာပြည့်သွားလို့ ငွေကျပ် သိန်းတစ်ရာ လှူလိုက်ရတယ်။ ကိုယ် လည်း ပြည့်စုံတဲ့ လူတစ်ယောက်မဟုတ်ဘူး။ လှူချင် တော့ ငွေ စုနေတာကြာနေပြီ။ စေတီတည် မယ်ဆိုကတည်းက မွေးနေ့အမီ ကိုယ့်ဘာသာ ကိုယ်ဖြည်းဖြည်းချင်းစုနေရတာ။

မွေးနေ့မှာလှူလိုက်ရလို့ တအားဝမ်းသာပါတယ်။ ကိုယ်တတ်နိုင်သလောက် သာသနာကို ထွန်းကားစေချင် တယ်။ ကိုယ့်ရဲ့ဘာသာကို ယုံယုံကြည်ကြည်နဲ့ ကောင်းမှုကုသိုလ်လည်း လုပ်ချင်တယ်။ တိုက်လည်းတိုက်ဆိုင်သွားတယ်။ စေတီတစ်ဆူတည်ဖို့ မနိုင်တဲ့အခါကျတော့ ဒီလိုပဲ နိုင်သလောက်လေး ပါဝင်ရတာပေါ့" လို့ ပြောပါတယ်။

ချင်းတောင်မှာ ဇမ္ဗူအေးစေတီကို စတင်ဌာပနာသွင်း တည်နေ ပြီဖြစ်ပြီး ဇာတ်ကားရိုက်တွေနဲ့ မအားလပ်သေး တာကြောင့် စေတီတည် တဲ့နေရာကို မသွားဖြစ်သေးပေမယ့် စေတီထီးတင်ပွဲကိုတော့ သွားဖြစ်မှာပါလို့ သက်မွန်မြင့်က ပြောပါတယ်။ သက်မွန်မြင့်က မနှစ်က လည်း သွားရေး လာရေးခက်ခဲတဲ့ ချင်းတောင်က ဖလန်းဘုန်းကြီးေ ကျာင်းအတွက် ကား တစ်စီးနဲ့ ရွာဘက်ကအိမ်တွေအတွက် ဆိုလာပြားတွေ ကို လှူဒါန်းခဲ့ပါ သေးတယ်။မွေးနေ့ ညဘက်မှာတော့ သူငယ်ချင်းတွေနဲ့ အတူတူပျော်ပျော် ပါးပါးမုန့်သွားစားခဲ့ကြပြီး မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)


 popularmyanmarjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map