Home »
သတင်း
» နာမည်ကြီးချင်တာလား၊ အောင်မြင်ချင်တာလားလို့ မေးခွန်း ထုတ်လိုက်တဲ့ သူထူးစံ =========================================
နာမည်ကြီးချင်တာလား၊ အောင်မြင်ချင်တာလားလို့ မေးခွန်း ထုတ်လိုက်တဲ့ သူထူးစံ =========================================

လတ်တလောမှာတော့ သူထူးစံက ဒါရိုက်တာတင်အောင် ကျော် ရိုက်ကူးတဲ့
'အစွန်းရောက်' ဇာတ်ကားကို ချမ်းမီမီကိုနဲ့ အတူပါဝင်ကာ
ပန်းချီဆရာတစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက် ကူးပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ 'မိုင်တိုင် ၂၆' ဇာတ်ကားကို
ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားပြသတဲ့ အခါမှာပရိသတ်တွေ အပြည့်အနှက်
အားပေးတာကို တွေ့ရတဲ့အတွက် တအားဝမ်းသာ ကြောင်း သူထူးစံက
"အစ်ကိုမထင်ထားလောက်အောင်အားပေးကြတာ ကိုတွေ့ရတယ်။ အဲဒီကားလေး ရိုက်တုန်းကလည်း သေချာလေး ကြိုးစားထားရပါတယ်။အစ်ကိုကရုပ်ရှင်ပဲရိုက်ရိုက်၊
ဗီဒီယိုပဲရိုက် ရိုက်သေချာလေးရိုက် ပါတယ်။ အစ်ကိုဒီကားရဲ့ ဇာတ်လမ်းကိုတော့
အားရပေ မယ့် အသံတော့အားမရဘူး" လို့ ပြောပါတယ်။ နောက်ပိုင်း မှာ
အက်ရှင်ဒရာမာဇာတ်လမ်းတွေကို ပိုရိုက် ဖြစ်နေကြောင်းပြောတဲ့သူထူးစံက "ဇာတ်ကားတစ်ကား ကောင်းဖို့ကလိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့အဆင့်မီကားတစ် ကားဖြစ်ဖို့အတွက်က အကုန်လုံးတန်းတူညီ တူဖြစ်ဖို့လိုပါတယ်။ ဒါရိုက်တာ၊မင်းသား၊မင်းသမီးမှမဟုတ်ဘဲ ကျန်တဲ့ လူတွေ အားလုံးနဲ့လည်းဆိုင်ပါတယ်။အဲဒီလိုဆိုရင် ရုပ်ရှင် လောက ကြီးတိုးတက်လာမှာပါ။အခုလောလော ဆယ်တော့ဟန်ရေးပြနေတာ ပဲရှိတယ်။ အခု ဇာတ်ကားတွေကအဖော်အချွတ်ကားတွေများ
လာတယ်။ ဆင်ဆာလွတ်သွားပြီဆိုတော့ အစ်ကို တို့အနေနဲ့ ဘယ်လိုဖုံးဖိ ရမလဲဆို
တာကို စဉ်း စားတယ်။နာမည်ကြီးချင်တာ လား၊ အောင်မြင် ချင်တာလား ဆိုတာ
အဲဒါတစ်ခုတော့ လိုပါတယ်။ အမြဲတမ်း အဲဒီလိုမျိုးရိုက်တာတော့ မကောင်း ပါဘူး။
ဒါပေမဲ့တစ်ခုတော့ရှိ တယ်။ လိုအပ်ချက် ကို ရသပေါ်အောင်ပြနိုင်ဖို့လိုတယ်။ မက် ဆေ့ခ်ျပေးနိုင်ဖို့လည်း လိုအပ်တယ်" လို့ပြော ပါတယ်။
တွယ်တာ
အေးချမ်းမွန်
0 comments:
Post a Comment