<div style='background-color: none transparent;'></div>

Home » » လည်ချောင်းနာခြင်းမှ ချောင်းဆိုးခြင်းသို့မကူးသွားစေရန်

လည်ချောင်းနာခြင်းမှ ချောင်းဆိုးခြင်းသို့မကူးသွားစေရန်


ချောင်းဆိုးရခြင်း၏ရည်ရွယ် ချက်မှာ လေပြွန်တစ်လျှောက်ရှိအမှုန် နှင့်အညစ်အကြေးများကို ရှင်းထုတ် ရန် ဖြစ်သည်။ သို့သော် မကြာခဏ ချောင်းဆိုးပါက လေပြွန်အတွင်းရှိ တစ်သျှူးများ ရောင်ရမ်း ပျက်စီးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပင်ပန်းခြင်းတို့ ဖြစ်နိုင်ပါသည်။ အကယ်၍ သင့်ရဲ့ လည်ချောင်းထဲက ယားလာတာ၊ နာ လာတာ၊ အသံပြောင်းလာတာတွေ ခံစားလာရမယ် ဆိုရင်တော့ သင်ဟာ မကြာမီအချိန် အတွင်းမှာ ချောင်း ဆိုးတော့မည့် လက္ခဏာပါ။ဒါကြောင့် လည်ချောင်းနာခြင်းမှ ချောင်းဆိုး ခြင်းသို့ မကူးသွားစေရန်
၁.ဆားရည်နွေးနွေးဖြင့် အာလုတ် ကျင်းပါ။ တကယ်လို့နာကျင်မှုကို ဆက်ခံစားနေရပါက အက်စပရင် ဆေးပြားတစ်ပြားကို ရေမှာဖျော်ပြီး ယင်းရေဖြင့် အာလုတ်ကျင်းပေးပါ။ အက်စပရင်က အရောင်ကျစေပြီး နာကျင်မှုကိုလည်း သက်သာစေပါ တယ်။
၂. လည်ချောင်းနာခြင်းက နှာပိတ် ခြင်းနဲ့ တွဲလာတာများတဲ့အတွက် ယင်းနှာပိတ်ခြင်းကိုသက်သာစေရန် အတွက် အကောင်းဆုံးနည်းလမ်း ကတော့ ရေနွေးငွေ့ရှူပေးခြင်းပါပဲ။ ရေနွေးထဲ၌ ယူကလစ်ဆီကဲ့သို့သော အဆီများထည့်၍ ရှူပေးခြင်းက နှာ ပိတ်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် လေပြွန်တစ်လျှောက် အချွဲ များ မြန်မြန်ပျောက်စေရန် ရေများ များသောက်ပေးပါ။
၃.ရေနွေးပူပူ၊ စွတ်ပြုတ်ပူပူ၊ လက် ဖက်ရည်ပူပူစသည်ဖြင့် သောက်ပေး ပါ။ ဂျင်း၊ ငရုတ်ကောင်း၊ ကြက်သွန် ဖြူ၊ နနွင်း၊ ပင်စိမ်းစသည်တို့ပေါင်း စပ်၍ ပြုလုပ်ထားသော လက်ဖက် ရည်ကို သောက်ခြင်းကလည်း သက် သာစေနိုင်ပါတယ်။
၎. လည်ချောင်းနာခြင်းကို သက်သာ စေသည့်ငုံဆေးပြား ငုံပေးပါ။
၅.လည်ချောင်းနာပြီဆိုသည်နှင့် ဖုန်မှုန့်၊ ဆေးလိပ်ငွေ့တို့ဖြင့် ဝေးရာ တွင် နေပါ။

ဖိုးသောကြာ
ref: Medindia
Health Updates Journal
Vol.2, No.26

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map