<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ်

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ်

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။

ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။
တောင်ကိုရီးယားတစ်ဖက်ခြမ်းမှာ တံခါးဖွင့်မယ်ဆိုရင်ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း နောက်မှာ တစ်ယောက်က လက်နဲ့ဆွဲထားရပါတယ်။ အကြောင်းကတော့ ဖွင့်တဲ့အခါ ဟိုဘက်က ဆွဲထည့်ပြီး ရန်ပြုမှာစိုးလို့ ဖြစ်ပါတယ်။ တစ်ဖက်နယ်မြေကိုရောက်သွားရင် ဘယ်သူမှ ကယ်လို့မရတော့ပါဘူး။ နယ်မြေကို ခြေတစ်လှမ်းကျွံတာနဲ့ ကျွံတဲ့ ခြေထောက်ကို ဖြတ်ဖို့လောက်ထိတောင် နှစ်ဖက်လုံးက စည်းကမ်းများ တင်းကြပ်ထားပါတယ်။
မြောက်ကိုရီးယားဘက်က တံခါးဖွင့်ရင်လည်း တောင်ကိုရီးယားလိုပဲ တစ်ယောက်လည်း တစ်ယောက်ဆွဲလို့ အဆင့်ဆင့်ခံပါတယ်။ ဒါက အဆောက်အအုံထဲမှာပါ။ အဆောက်အအုံအပြင်မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ၁ ပေဝန်းကျင်မှ အကွာလောက်သာ ခြားပြီး ရပ်နေကြပါတယ်။
အတွင်းကော အပြင်မှာပါ ကမ္ဘာမှာ မရှိဖူးသေးတဲ့ နယ်စပ်စည်းမျဉ်း စည်းကမ်း များ ချမှတ်ထားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်လိုတဲ့ အကြည့်များနဲ့ ကင်းစောင့်နေကြပါတယ်။ အားလုံးက အသင့် အနေအထားပါပဲ။ တစ်ဖက်ဆီမှာလည်း အနည်းဆုံး စစ်သေားထောင်ချီ ရှိနေပြီး အရေးကြီး အခြေအနေဆိုရင် သောင်းချီ၊ သိန်းချီတောင် ရှိပါတယ်။  တောင်ကိုရီးယား စခန်းဘက်ကမှာ အမေရိကန် စစ်သားများလည်း ရှိနေပါတယ်။
Joint Security Area မှာရှိတဲ့ ဆွေးနွေးခန်းတစ်ခုဆို ရင် တောင် ကော မြောက်ကိုရီးယားပါ ပိုင်ဆိုင် ပါတယ်။ တောင် နဲ့ မြောက်ကြားမှာ ဘေးမဲ့ တော တစ်ခုလည်း ထားရှိပါတယ်။ ယင်းတောထဲမှာလည်း လှုပ်လှုပ်ရှားရှား တစ်ကောင်ကောင် တွေ့ ရင် တောင်ရော၊ မြောက်ဘက်က စစ်သားများက လက်နက်မျိုးစုံနဲ့ ပစ်ခတ်ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က ထူးခြားချက်နဲ့ ဓာတ်ပုံများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://www.businessinsider.com/north-and-south-korea-dmz-border-is-a-warzone-2013-2?op=1
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map