ပြင်သစ်နိုင်ငံသားများ၏ သတင်းအချက်အလက် အမြောက်အမြားကို ပြင်သစ်နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့ဝင်များက လျှို့ဝှက်ထောက်လှမ်းကြောင်
အမေရိကန်နိုင်ငံ၏ PRISM ထောက်လှမ်းရေး အစီအစဉ်ကဲ့သို့သော အစီအစဉ်မျိုး ပြင်သစ်နိုင်ငံတွင်ရှိပြီး ကွန်ပျူတာ ဒေတာများနှင့် တယ်လီဖုန်း ဆက်သွယ်မှုများ အမြောက်အမြားကို လျှို့ဝှက်ထောက်လှမ်းနေကြော
လျှို့ဝှက်နားထောင်ထားသည့် ဒေတာများကို ပဲရစ်မြို့တော် DGSE ထောက်လှမ်းရေးအဖွဲ့ ရုံးချုပ် အဆောက်အအုံအောက်ရှိ ဆူပါကွန်ပျူတာများတွင် သိမ်းဆည်းထားကြောင်း သတင်းတွင် ရေးသားထားသည်။
အဆိုပါ ထောက်လှမ်းရေး အစီအစဉ်များမှာ တရားဥပဒေပြင်ပတွင် ရောက်နေပြီး သင့်တင့်လျောက်ပတ်သည့် ကြီးကြပ် ကွပ်ကဲမှုများလည်း မရှိကြောင်း အချို့ကဝေဖန်ထားသည်။
ပြင်သစ်ထောက်လှမ်းရေး အဖွဲ့၏ အစီအစဉ်ကို အစိုးရအရာရှိများက မှတ်ချက်ပေး ဖြေကြားခြင်း မရှိခြင်းကြောင့် မည်သည့် အတိုင်းအတာအထိ ထောက်လှမ်းမှု ပြုလုပ်ခဲ့သည်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။
သို့သော်လည်း မည်သူ့ထံသို့ မည်သူက မည်သည့်အချိန် မည်သည့်နေရာတွင် ဆက်သွယ်ခဲ့ကြောင်းလောက်ကိုသ
ပြင်သစ်နိုင်ငံသားများ အချင်းချင်း ဆက်သွယ်မှုသာမက ပြင်သစ်နိုင်ငံသား များနှင့် အခြားသော နိုင်ငံသားများကြား ဆက်သွယ်မှုများကိုပါ ထောက် လှမ်းရေးအဖွဲ့က စောင့်ကြည့်ခဲ့ကြောင်း လာမွန်ဒီ သတင်းစာတွင် ရေးသားထားသည်။
အကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး ထောက်လှမ်း ခဲ့ခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားနေသော် လည်း ထောက်လှမ်းမှု အတိုင်းအတာ ကြီးမားလွန်းခြင်းကြောင့် မည်သူ့ကို မည်သည့်နေရာတွင်မဆို ထောက်လှမ်းနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများ၏ တယ်လီဖုန်း ဆက်သွယ်မှုများနှင့် ကွန်ပျူတာ ကွန်ရက်များကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့က စောင့်ကြည့်နေခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် စိတ်ဆိုး ဒေါသထွက်မှုများ ပေါ်ပေါက်နေချိန်တွင် ပြင်သစ်နိုင်ငံ၏ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂရုံးများအပေါ် အမေရိကန်နိုင်ငံက လျှို့ဝှက်ထောက် လှမ်းခြင်းကို ပြင်သစ်နိုင်ငံက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ဥရောပ- အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးနောက် လာဒီမွန်သတင်းစာ၏ ထုတ်ဖော်ရေးသားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အေးချမ်းမွန်


0 comments:
Post a Comment