<div style='background-color: none transparent;'></div>

Home » » ထားဝယ်တွင် ရေကြီး

ထားဝယ်တွင် ရေကြီး



ထားဝယ် ဒေသအတွင်းရှိ နေရာရှစ်နေရာ ထက်မနည်း ဇူလိုင် ၂၄ ရက်တွင် မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် ရေကြီးမှုများ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ကျန်းမာရေး လမ်း(လမ်းမသစ်)၊ ကရပ်ပြင် မြောက်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်၊ မြောင်းပုလဲမြို့သစ်ရပ်ကွက်၊ ဗျော တောဝရပ်ကွက်၊ကညုံရပ်ကွက် နှင့် ကျောက်မော်ရပ်ကွက်တို့တွင် ရေကြီးခဲ့သည်။

လမ်းမသစ် လမ်းမြေဖို့ပြီး သည့်အချိန်တွင် လမ်း အတွင်း ရေ ဆင်းပေါက်များ နည်းသွားသည့် အတွက် ရေများရုတ်တရက် မြင့် တက်လာကြောင်း ဘုမ္မော်ရပ်ကွက် နေ ဦးထွန်းဝင်းက ပြောသည်။ ယင်းသို့ ရေလျှံမှုများ ကြောင့် ရပ်ကွက်အတွင်း နေထိုင် သူတချို့ သည် ဈေးအသွားအပြန် နှင့် ကျန်းမာရေး အတွက် ဆေးရုံ ဆေးခန်းများ သွားရောက်သည့် အချိန်များတွင် အခက်အခဲများ ရှိနိုင်ကြောင်း မြစံပယ်လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။ ''ရေများတဲ့အချိန်ဆိုရင် ခါးလောက် ရှိတယ်''ဟု ဘုမ္မော် ရပ်ကွက်နေ အသက် ၁၈ နှစ်အ ရွယ် လူငယ်တစ်ဦးက ဆိုသည်။ ရေလွှမ်းသည့်နေရာ၏ မြေ ပြင်အနေအထားအပေါ် မူတည် ပြီး တချို့နေရာများတွင် ခါးအထိ ရှိပြီး တချို့နေရာများတွင် လူတစ် ရပ်နီးပါးအထိ ရှိသည်။

ဇူလိုင် ၂၄ ရက်တွင် ရွာသွန်း သည့် မိုးရေချိန် ၁၅ ဒသမ ၉၁ လက်မရှိပြီး နှစ်ပေါင်း ၃၀ အတွင်း ဒုတိယအများဆုံးဖြစ်ကြောင်း၊ ပထမအများဆုံး မိုးရေချိန်မှာ ၂၀၀၆ ခုနှစ် ဇူလိုင် ၄ရက်တွင်မိုး ရေချိန် ၁ရ ဒသမ ၆၀ လက်မ ရွာ ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံမှသိရသည်။



အေးချမ်းမွန် .............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map